Latest News

Saturday, February 10, 2018

နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတိုက်ခန်း ၂၄ဝ ကို မတ်လအတွင်း အပြီး တည်ဆောက်နေ

နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတိုက်ခန်း ၂၄ဝ ကို မတ်လအတွင်း အပြီး တည်ဆောက်နေ
Photo - Google
မန္တလေး ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာတွင် စီမံကိန်းအသစ် တစ်ခုအနေဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတိုက်ခန်းပေါင်း ၂၄ဝ ကို တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိကာ မတ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများကို ပြည်ထောင်စုအစိုးရ ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၃၆ဝဝ သုံးစွဲ၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (မန္တလေး)က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှ စတင် တည်ဆောက်နေပြီး လာမည့် ၂ဝ၁၈ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''တိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ထဲက အိမ်ပိုင်မရှိ၊ ဝန်ထမ်းအိမ်ရာလည်း နေခွင့်မရသေးလို့ ပြင်ပမှာ ဈေးနှုန်းကြီး မြင့်စွာ ငှားရမ်းနေထိုင်နေရတဲ့ ဝန်ထမ်းတွေအတွက် အသက်သာဆုံးနဲ့ နေထိုင်ခွင့် ရအောင် ဒီလို အငှားအိမ်ရာတွေ စီစဉ်ဆောင်ရွက်ပေးတာပါ'' ဟု ၄င်းက ပြောသည်။

တိုက်ခန်းများတည်ဆောက်နေမှုမှာ လေးခန်းတွဲ ငါးထပ်ပါ တိုက် ၁၂ လုံး တည်ဆောက်ထားပြီး တိုက်တစ်လုံးတွင် အခန်း ၂ဝ ပါဝင်ကာ စုစုပေါင်း အခန်း ပေါင်း ၂၄ဝ ပါဝင်ပြီး တစ်ခန်းလျှင် ၆၅ဝ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment