Latest News

Saturday, February 10, 2018

ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပစဉ် ခေတ္တလမ်းပိတ်မည်

ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပစဉ် ခေတ္တလမ်းပိတ်မည်

နေပြည်တော် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံ၌ ကျင်းပမည်ဖြစ်သည်။

အခမ်းအနားကျင်းပစဉ် နံနက် ၄ နာရီမှစ၍ အခမ်းအနားပြီးဆုံးချိန် အထိ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဘဏ်လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရား လမ်းအထိလည်းကောင်း လမ်းပိတ်ထားမည်ဖြစ်သဖြင့် မဟာဗန္ဓုလလမ်းမှ လာသော ယာဉ်လိုင်းများအနေဖြင့် ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းမှလည်းကောင်း၊ ကုန်သည်လမ်းမှလာသောယာဉ်လိုင်း များအနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြပါရန်နှင့် အခမ်းအနားသို့တက်ရောက် လာသော ဧည့်သည်တော်များ၏ မော်တော်ယာဉ်များအား ပန်းဆိုးတန်း လမ်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကုန်သည်လမ်းပေါ်တွင်လည်းကောင်း၊ ဘဏ်လမ်းပေါ်တွင်လည်းကောင်း၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယာဉ်ပါကင် များတွင်လည်းကောင်း ရပ်နားနိုင်ပါကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ထားသည်။(ကြေးမုံ)

No comments:

Post a Comment