Latest News

Saturday, February 10, 2018

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတွင် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတွင် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ(၁၀)ရက်

     ရန်ကုန်မြို့မဟာဗန္ဒ္မုလလမ်ေးပ်ါရှိ လသာလမ်းနှင့်လမ်း(၂၀)ကြား၊လသာလမ်းနှင့်( ၂၁)လမ်းကြားတွင် မီတာ(၃၀)အကွာအဝေး၌ လမ်းလယ်ကျွန်းအပါအ၀င် ဘယ်/ညာ( ၄)တန်း ၊ တစ်တန်းလျှင်ယာယီမီးတိုင်(၁၀)တိုင်ဖြင့်တိုင်(၈၀)စိုက်ထူကာ မီးပုံးများဖြင့် အလှဆင်၍ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ(၁၆)ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဟု သိရသည်။

     အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် မဟာဗန္ဒ္မုလထိပ်တွင် မုခ်ဦးတစ်ခု၊မဟာဗန္ဒ္မုလလမ်းထိပ်နှင့်ဘုရားလမ်းထိပ်တွင် မုခ်ဦးတစ်ခုတည်ဆောက်မည်ဟုသိရပြီး မဟာဗန္ဒ္မုလလမ်းတလျောက်တွင် စတုဓီသာမဏ္ဍပ်နှင့် ပညာပေးယဉ်ကျေးမှုမဏ္ဍပ်(၈၀)တ ည်ဆောက်မည်ဖြစ်ကာ ထိုမဏ္ဍပ်များတွင် တရုတ်ရုပ်သေး/မြန်မာရုပ်သေး၊ကြွေအနုပ ညာ၊၇ိုးရာဝတ်စုံ၊စက္ကူညှပ်/ပန်းထိုး၊တရုတ်ရိုးရာမုန့်လုပ်နည်းများ၊တရုတ်စာပေနှင့်စာရေးနည်းများ၊မြန်မာနိုင်ငံရှိတရုတ်ကုန်သည်ကြီးများ၏ထွက်ကုန်ပစ္စည်းများ၊တရုတ်ရိုးရာက စားနည်းများကို ပြသသွားမည်ဟုသိရသည်။

     တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို အလှည့်ကျဆောင်ရွက်ခြင်းဖြစ်၍ ယခုနှစ်သစ်ကူးယူနန်မှဆောင်ရွက်ခြင်းဖြစ်ကာ ဖေဖော်ဝါရိ(၁၅)ရက်နေ့နံက်(၅)နာရီတွင် ပန်းပဲတန်း၊ လသာဒဂုံ၊ဗိုလ်တထောင်၊စမ်းချောင်း၊ဆိပ်ကမ်း။ဗဟန်းမြို့နယ်တို့ရှိ စာသင်တိုက်များမှ သံဃာတော်အပါး(၁၀၀၀)၊နှင့်သီလရှင်အပါး(၅၀၀)၊တရုတ်ဘုန်းတော်ကြီးနှင့်သီလရှင်အပါး(၁၀၀)တို့အား အာရုဏ်တန်းဆွမ်းနှင့်အတူ လှူဖွယ်ပစ္စည်းများကို ယမန်နှစ်များအ တိုင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

     တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို မဟာဗန္ဒ္မူလလမ်းမကြီးအတိုင်း လမ်းမတော်လမ်းမှရွှေတိဂုံဘုရားလမ်းအထိ လမ်းတစ်ခြမ်းအားအသုံးပြု၍ နှစ်သစ်ကူးနေ့နံက်၆)နာရီမှ ည(၁၂)နာရီထိရိုးရာအစဉ်အလာအတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာနှစ်ကူးဆုတောင်းသီချင်း၊တရုတ်၇ိုးရာအက၊မြန်မာ့ရိုးရာအက၊တေးသရုပ်ဖော်အက၊မြန်မာတေးသီချင်း၊တရုတ်တေးသီချင်းတို့ဖြင့်လသာလမ်းအောက်ဘလောက်တွင်စည်ကားသိုက်မြို့က်စွာ ဖြင့်နေ့/ညမီးပုံး၊မီးဆိုင်းအလှများတပ်ဆင်လျှက်စည်ကားစွာကျင်းပသွားမည်ဟုသိရသည်။
မြန်​မာ့အလင်း

No comments:

Post a Comment