Latest News
Monday, February 5, 2018
မုံရွာတွင် အုတ်နီခဲကျိုး ကမ်ပိန်း လုပ်
မုံရွာတွင် အုတ်နီခဲကျိုး ကမ်ပိန်း လုပ်
 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော် ခန်းမရှေ့တွင် ဖေဖော်ဝါရီ ၄ ရက်နေ့နံနက်ပိုင်း က" တရားဥပဒေ စိုးမိုးရေးအတွက် သန်းပေါင်းများစွာသော ဦးနေ၀င်းများ မြန်မာပြည်တွင် ရှိသေးတယ် သိထား" စာတမ်းများရေးထိုးထားသော တီရှပ် အကျီ င်္များ အား လူထုထံ ဖြန့်ဝေခြင်းကို တက်ကြွလှုပ်ရှားသူ များမှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
  "ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကို အစိုးရတာဝန်၊ရဲတပ်ဖွဲ့တာဝန်လို့ ပြည်သူတွေက ထင်နေကြတယ်၊ဒါကြောင့်ဒုစရိုတ်ကျုးလွန်သူတွေက အခွင့်အရေးတွေ ပိုရနေတာ၊ဒါကို ပြည်သူတွေအားလုးံပါဝင် လာစေချင်လို့ ကမ်ပိန်းလုပ်တာပါ၊ တရားဥပဒေစိုးမိုးရေးကို လူတိုင်းပါဝင်လာစေဖို့ပါ၊ အုတ်နီခဲနဲ့သေနတ်သမားကို ဖမ်းလာတဲ့ ဦးနေ၀င်းကို ဂုဏ်ပြုတဲ့အနေနဲ့ အုတ်နီခဲ ပုံ ကို အကျီ င်္မှာထည့် ထားတာ" ဟု  ဦးဆောင်လှုပ်ရှားသူ ကိုကျော်ထွန်းဦးကပြောသည်။
 ဖေဖ်ာဝါရီ ၂ ရက်နေ့က ရန်ကုန် မြို့တွင် သေနတ်သမားဦးကြည်လင်း နှင့်အပေါင်းအပါတို့ကို တရား ရုးံချိန်း ထုတ်စဉ်  "မင်းတို့ ထမင်းဝအောင်စားထား" စာတန်းပါ လက်ညှိုးထိုး ဒီဇိုင်း တီရှပ်များကို  ဦးကြည်လင်းအား ၀န်းရံသူ လူတစ်စုမှ  လာရောက်ဝေငှ ပြီးနောက် မုံရွာမြို့တွင် ယခု ကဲ့သို့ အုတ်နီခဲ ပုံပါ တီရှပ်များဖြင့် တန်ပြန်ကမ်းပိန်း ပေါ်ထွက်လာခြင်းဖြစ်သည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment