Latest News

Monday, February 5, 2018

ဖားကန့်မြို့နယ်တွင် စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

ဖားကန့်မြို့နယ်တွင် စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
Photo Credit
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၅

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာနှင့် မှောပုံ ကျေးရွာကြား ဆန်ကထန်ကျေးရွာ၌ အကြော်ဆိုင်တစ်ခုတွင် လူ(၃)ဦး စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

 ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်က ဆန်ကထန် ကျေးရွာ၌ အကြော်ဆိုင် ဖွင့်လှစ် နေထိုင်သော မောင်လှသန်း(ခ) ပိုင်ဇော် (ခ)ဦးကရင် အသက်(၄၀)နှစ်၊ ၎င်း၏ဆိုင်တွင် အရက်လာသောက်နေသူ ထွန်းထွန်းဝင်း အသက်(၃၆)နှစ်နှင့် ၎င်း၏ညီဖြစ်သူ မောင်သန်းနိုင်ဦး၊ အသက်(၂၆)နှစ်တို့သည် စကားများရန်ဖြစ်ရာ မှ မောင်လှသန်းက မောင်ထွန်းထွန်းဝင်းတို့ ညီအစ်ကိုအား ဓါးဖြစ်ခုတ်ခဲ့ရာ  မောင်ထွန်းထွန်းဝင်း မှာ ဦးခေါင်း နောက်စေ့ပွင့်ထွက်သွားပြီး ဒဏ်ရာ(၅)လက်မခန့် (၁)ချက်ဖြင့် အသက်သေဆုံးသွားပြီး မောင်သန်းနိုင်မှာ ဦးခေါင်း ဂျိုစောင်း(၃)လက်ခန့်
(၁)ချက်၊ လည်ကုတ်(၄)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် စိုးရိမ်ရကြောင်းသိရသည်။

   မောင်ထွန်းထွန်းဝင်းတို့ ညီအစ်ကိုနှစ်ဦးအား မနက်(၁၁)နာရီအချိန်တွင် မှော်ပုံလူမှုကူညီရေးနှင့် မြင့်မြတ်သူ လူမှုကူညီရေးအသင်း မော်တော် ယာဉ်ဖြင့် လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဓားဖြင့်ခုတ်ခဲ့သူ မောင်လှသန်းအား လုံးခင်းနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက် ထားကြောင်း သိရှိရသည်။
EPN(MMAL)

No comments:

Post a Comment