စစ်ကိုင်းတိုင်း၌ သုးံလ အတွင်း ငလျင်ငယ် ၁၂ ကြိမ်လှုပ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် များကို ဗဟိုပြု၍ သုးံလ
အတွင်း ငလျင်ငယ် အကြိမ်ပေါင်း ၁၂ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း
စစ်ကိုင်းတိုင်း မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန မှတ်တမ်းများအရ
သိရသည်။
၂၀၁၇ နိုဝင်ဘာ ၉ ရက်မှ ၂၀၁၈ ဇန်န၀ါရီ ၁၇ ရက်နေ့အထိ
ကနီ၊မော်လိုက်၊မုံရွာ၊ခန္တီး၊ကလေးဝ၊ဟုမ္မလင်း၊ဖောင်းပြင်မြို့နယ်
တို့အတွင်း အင်အား အနည်းငယ် သော ငလျင်များ ခပ်စိတ်စိတ် လှုပ်လာကြောင်း်မိုး/ဇလ ၏ စာရင်းများ အရ သိရသည်။
" ၂၀၁၇ ဒီဇင်ဘာ ၂၉ ရက်က မုံရွာမြို့အနောက်တောင်ဘက် ၅၅ မိုင်ကိုဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ငလျင်ကတော့ ဒီသုးံလ အတွင်းအပြင်းဆုးံပါ၊ရစ်ချက်စတာစကေး ၅ ဒဿ မ ၂ ထိ ရှိတယ်၊ မနေ့ညနေကလည်း ဖောင်းပြင်မှာအင်အား ၄ ရစ်ချက်စတာစကေးရှိတဲ့ ငလျင် တစ်ခု လှုပ်သွားသေးတယ်၊ ငလျင် တွေကြောင့် လူသေမှုနဲ့၊ အဆောက်အဦ ပျက်ဆီးတော့ ဘာမှ မရှိသေးပါဘူး " ဟု စစ်ကိုင်းတိုင်း မိုး/ဇလ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း လှုပ်ခတ်ခဲ့သော ငလျင်များမှာ အင်အား
ရစ်ချက်စတာစကေး ၃ဒဿ မ ၄ မှ ၅ ဒဿ မ၂ အထိ ပြင်းအား များရှိပြီးအထက်ချင်းတွင်းဒေသ ကလေးဝမြို့နယ် ဇန်န၀ါရီလ ပထမပတ်အတွင်း ၄ ကြိမ်ထိ အများဆုးံလှုပ်ခတ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၁၁ ရက်နေ့ ကရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကိုဗဟိုပြု၍ ရစ်ချက်စတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ဃတံတားကျိုးကျခြင်းအပါအ၀င် လူ(၇)ဦးသေဆုးံကာ ၊ ၃၂ ဦးဒဏ်ရာရ၊အိမ်(၆၇၃)လုးံပြိုကျ
ခြင်း၊အစိုးရ အဆောက်အဦ အလုးံ(၄၀)၊စာသင်ကျောင်း (၉၅)လုးံ၊
ကျန်းမာရေးအဆောက်အဦ (၁၂)လုးံ၊သာသနိက အဆောက်အဦ(၂၃၃)လုးံ၊ဘုရားစေတီ (၃၁၉)ဆူ ပြိုကျ ပျက်ဆီးခဲ့ကာ ကျပ်သန်းပေါင်း (၁၄၁၃)သန်း ဆုးံရှုးံခဲ့ကြောင်း ငလျင်အစီရင်ခံစာ အရ သိရသည်။
ကိုသစ္စာ-မုံရွာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment