Latest News

Wednesday, February 7, 2018

KIA မှ မြစ်ကြီးနားနှင့် ပူတာအိုကြား တံတားဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ အမြန်ဆုံး ပြုပြင်ပေးရန် ကချင်ပြည်နယ်လွှတ်တော်သို့ အရေးကြီးအဆိုတင်

KIA မှ မြစ်ကြီးနားနှင့် ပူတာအိုကြား  တံတားဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ အမြန်ဆုံး ပြုပြင်ပေးရန်  ကချင်ပြည်နယ်လွှတ်တော်သို့  အရေးကြီးအဆိုတင်

မြစ်ကြီးနား   ဖေဖော်ဝါရီ   ၇

ကချင်ပြည်နယ် မြစ်ကြီးနား- ဆွမ်ပရာ ဘွမ်-ပူတာအိုကြားလမ်းပိုင်းရှိ  တံတား များ ဖျက်ဆီးခဲ့သည့်နောက်  ပူတာအို ဒေသအတွင်း ကုန်ဈေးနှုန်းများ မြင့်တက် ခဲ့သည့်အတွက်      ယင်းလမ်းပိုင်းကို အမြန်ဆုံးပြုပြင်  တည်ဆောက်ပေးရန် ပြည်နယ်အစိုးရနှင့်      ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို ကချင်ပြည်နယ်လွှတ်တော် သို့  ဖေဖော်ဝါရီ   ၇  ရက်က ပူတာအို မြို့နယ် မဲဆန္ဒအမှတ်-၂ မှ   ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့ကြောင်း သိရ သည်။

အဆိုပါ လမ်းပြတ်တောက်မှုကြောင့် လက်ရှိ   ပူတာအိုမြို့နယ်နှင့်    အနီး တစ်ဝိုက်ရှိ ကျေးရွာများတွင် စက်သုံးဆီ နှင့် အခြားသော      ကုန်ဈေးနှုန်းမြင့် တက်ခြင်းများ    ကြုံတွေ့နေရကြောင်း၊ ထို့အတွက်   ကာလကြာလာသည်နှင့်အမျှ ဒေသခံပြည်သူလူထုအတွက်    အခက် အခဲများ      များစွာကြုံတွေ့လာနိုင် သည့်အတွက်    အရေးကြီးအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က ပြောသည်။

''အဆိုပါ လမ်းပိုင်းဖျက်ဆီးမှုကြောင့် လမ်းလုပ်သားတွေလည်း    ပူတာအိုနဲ့ မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်၊ အဲဒီတံတား ဖျက်ဆီးပြတ်တောက်မှုကြောင့်     ဒုက္ခ ရောက်ကြတာဟာ  လမ်းလုပ်သားတွေ သာမဟုတ်ဘဲ ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံတွေလည်း   များစွာဒုက္ခခံနေရ တယ်''ဟု ¤င်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။

လက်ရှိ  ပူတာအိုဒေသတွင် ဓာတ်ဆီ ဈေးနှုန်းမှာ  တစ်ပုလင်းကို    $ငွေကျပ် သုံးထောင်မှ  ငါးထောင်အထိရှိပြီး ဆန် ဈေးနှုန်းများလည်း     တစ်အိတ်ကို   ငါးသောင်းအထက်ရှိကြောင်းနှင့် အခြား ကုန်ပစ္စည်းဈေးနှုန်းမှာလည်း  မြင့်တက် လျက်ရှိကြောင်း   ¤င်းက  ဆက်လက် ပြောကြားသည်။

ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်ငါးခု မှ ဒေသခံများအတွက် အဓိက  ကုန်သွယ် ရေးလမ်းကြောင်းမှာ       မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို  လမ်းကြောင်း တစ်ခုတည်းကိုသာ   အားထားနေရသည့် အတွက် ယင်းလမ်းပိုင်းကို   အမြန်ဆုံး ပြုပြင်ပြီး    သွားလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ မှ ဆောင်ရွက်ပေးသင့်ကြောင်း နောင်မွန် မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးချန်တန်ခင်က   ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ မြစ်ကြီး နား- ဆွမ်ပရာဘွမ်-   ပူတာအိုလမ်းပိုင်း အတွင်း   ဖျက်ဆီးခဲ့သည့်  လမ်းပိုင်းများ ကို အမြန်ဆုံးပြုပြင်ပေးပြီး    လုံလုံခြုံခြုံ နှင့်    သွားလာနိုင်အောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း  ကချင်ပြည်နယ် လုံခြုံရေးနှင့်     နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  သူရမျိုးတင်က  ဖြေကြား ခဲ့သည်။

အဆိုပါ အဆိုရှင်၏ သဘောထား အရ ဒုတိယအကြိမ်     ကချင်ပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်၌   မှတ်တမ်း တင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်     ဆွမ်ပရာဘွမ် မြို့အနီး    မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံပေါင်ဘေလီ တံတားသို့KIA အဖွဲ့များ ရောက်ရှိလာ ပြီး ချဉ်းကပ်လမ်းနှင့်တံတားပေါ်ရှိ ယာဉ် သွားလမ်း ပေ ၂ဝ   ခန့်အား   တံတား ဆောက်လုပ်ရေး ဆောင်ရွက်နေသော မန်းပြည်တံခွန်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ် ဖြင့် ဖျက်ဆီးစေခြင်း၊  ဘက်ဟိုးယာဉ်၊ ကျောက်ခွဲစက်သုံးလုံးနှင့် မီးစက်တစ်လုံး တို့အား မီးရှို့ဖျက်ဆီးခြင်း၊   ဘိလပ်မြေ ဖျော်စက်တစ်လုံးနှင့် ကွန်ကရစ်ဖောက် စက်တစ်လုံးတို့အား ချောင်းအတွင်းသို့တွန်းချခြင်းများ     ပြုလုပ်ခဲ့ကြောင်း၊ အလားတူ   ဇနန်တံတားနှင့်တစ်မိုင်ခန့် အကွာရှိ    သံပေါင်ဘေလီအမှတ် (၁/ ၁၁ဝ)ကို ဖျက်ဆီးခဲ့ကြောင်း ဇန်နဝါရီ၂၈ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။   မင်းမင်းဦး(မြန်​မာ့အလင်း)

No comments:

Post a Comment