နေပြည်တော် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မကြိုးဝိုင်း အကွက် အမှတ်-၅၄ ၌ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီက တောဆင် ရိုင်းတစ်ကောင် သေဆုံးနေကြောင်း သိရသည်။
သတင်းအရ ငပုတောမြို့မစခန်းမှူး ဦးစီးသည့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်တိရ္ဆာန် မွေးမြူရေးနှင့် ကုသရေးဌာနမှ ဒေါက်တာ လင်းလင်းထွန်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အမြင့် ခြောက်ပေခြောက်လက်မခန့်၊ အသက် (၁၃)နှစ်ခန့် အရွယ်ရှိ တောဆင်ရိုင်း အမတစ်ကောင်အား ခန္ဓာကိုယ်တစ်ခုလုံး အရေခွံ ခွာ၍ တစ်စစီပိုင်းဖြတ်ထားကြောင်း တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန် သူများအား အမှုဖွင့်အရေးယူထားကြောင်းနှင့် အဆိုပါ တောဆင်ရိုင်းအား မီးရှို့ဖျက်ဆီးရန် စီစဉ်ထားကြောင်း သိရ သည်။ ကိုရဲ(မြန်မာ့အလင်း)
No comments:
Post a Comment