Latest News

Friday, February 16, 2018

ဝိုင်းဆိုသည့် အမည်နှင့် ၀ိုင်းလေး၏ ဒုတိယမြောက်ခြေလှမ်း

ဝိုင်းဆိုသည့် အမည်နှင့် ၀ိုင်းလေး၏ ဒုတိယမြောက်ခြေလှမ်း

အိပ်မက်ဆုံရာသီချင်းပြိုင်ပွဲမှတစ်ဆင့် ဂီတအနုပညာလောကသို့ ရောက်ရှိခဲ့သည့် အဆိုတော် ဝိုင်းလေး၏ ဒုတိယမြောက် ဝိုင်းတေးစီးရီးကို ဖေဖော်ဝါရီ ၁၇ ရက်တွင်  Bo Bo Music Production မှ ဖြန့်ချိမည်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၅ရက် ရန်ကုန်မြို့ရှိ အော့ခစ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

''ဒီအခွေလေးကို ဝိုင်းလို့နာမည်ပေးဖြစ်တာကတော့ ဝိုင်းလေးကိုကိုယ်စားပြုပြီးပေးဖြစ်တာပါ၊ သီချင်းအကြောင်းအရာလေးက ဝိုင်းရဲ့အကြောင်းကိုရေးထားတာလည်းဖြစ်တဲ့အတွက် အမှတ်တရ လေးလည်းဖြစ်မယ်လို့ ထင်ပါတယ်၊ပထမအခွေကတော့ အဆွေးသီချင်းလေးတွေများတဲ့အတွက် အခုအခွေထဲမှာတော့ အဆွေးသီချင်းတွေမပါဘဲ ဝိုင်းလေးကိုအသစ်တစ်ယောက်အနေနဲ့ တွေ့မြင် ရမှာပါ၊ အင်္ဂလိပ်ဗားရှင်း သီချင်းတစ်ပုဒ်ပါမယ်၊ ပရိသတ်တွေအတွက်ရော အင်္ဂလိပ်သီချင်းလေးပါဖြစ်တာက ကိုယ့်နိုင်ငံမှာလည်း နိုင်ငံတကာကအဆိုတော်တွေလာရောက်သီဆိုကြတယ်ဆိုတော့ မြန်မာနိုင်ငံက အဆိုတော်တစ်ယောက်အနေနဲ့ အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်လောက် လုပ်ချင်တယ်ဆိုတော့ ကိုကျားပေါက်က သီချင်းရှိတယ် ဆိုကြည့်ရင်းနဲ့ လိုက်ဖက်တော့ ဆိုဖြစ်သွားတာပါ''ဟု အဆိုတော်ဝိုင်းလေးက ပြော သည်။

အဆိုပါ သီချင်းခွေတွင် တေးရေး ကျားပေါက်၊ ဆလိုင်း၊ ဝေကြီး၊ ဝိုင်းလေးတို့ရေးစပ်ထားသော သီချင်းစုစုပေါင်း ၁ဝပုဒ်ပါဝင်မည်ဖြစ်ပြီး Featuring အနေဖြင့် ဂျူဝယ်လ်က ပါဝင်သီဆိုထားပြီး အချစ်၊ ခရီးသွားအကြောင်းအရာများကို ရေးစပ်ထားသည့် သီချင်းအမျိုးအစားများ ပါဝင်သည်။

ယင်းအခွေထွက်ရှိသည့်အနေဖြင့်  ပရိုမိုးရှင်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် မ္တလေးမြို့ရှိ မနော်ရမ္မံ ကစားကွင်း၌ အနုပညာရှင်များ နဲ့အတူတူ လက်မှတ်ရေးထိုးကာ တေးသီချင်းများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                                                                 ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment