Latest News

Monday, February 26, 2018

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူနေသူအား ဖမ်းဆီးရမိ

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူနေသူအား ဖမ်းဆီးရမိ

မန္တလေး  ဖေဖော်ဝါရီ  ၂၅

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူနေသူအား သတင်းအရ ဖမ်းဆီးရမိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ခိုးယူထားသော ဆိုင်ကယ်သုံးစီးနှင့် လက်ကိုင်ဖုန်းခိုးယူမှု များ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူရုံး မှုခင်းအကူ တပ်ဖွဲ့ခွဲမှ ရဲအုပ် အောင်နိုင်ဦး ဦးစီး၍ ရဲအုပ် မင်းသူရစိုးနှင့်တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်စဉ် ရပ်ကွက်များအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူသူ အမရပူရမြို့နယ် သပွတ်ပင်ရပ်ကွက်နေသူ  မျိုးကို (၂ဝ)နှစ်အား မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၁၉)လမ်းနှင့် (၈၉)လမ်းထောင့်တွင် တွေ့ရှိသဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ခေါ်ဆောင်၍ စစ်မေးခဲ့သည်။ ယင်းသို့စစ်မေးရာ ¤င်းသည် လွန်ခဲ့သောတစ်လခန့်က အမရပူရမြို့နယ် ရွှေကြက်ယက်ဘုရား တံတားဖြူအနီး   လမ်းမပေါ်တွင်   ရပ်ထားသောTOYOMAX အမျိုးအစား  125ဆိုင်ကယ် တစ်စီးကို ခိုးယူခဲ့ပြီး အောင်မြေသာစံမြို့နယ် မင်္ဂလာတောင်ညွန့်ရပ်ကွက်နေသူ ကိုခင်ဇော်ထံ ငွေကျပ် ၄ဝဝဝဝ ဖြင့် ပေါင်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ သက်သေများနှင့်အတူ ကိုခင်ဇော်၏နေအိမ်သို့  သွားရောက်ရှာဖွေသိမ်းဆည်းခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ   မျိုးကိုအား   တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် အောင်ကျော်မင်းက  တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ အမရပူရမြို့မရဲစခန်းက အမှုဖွင့် အရေးယူ ခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြစ်မှုကျူးလွန်သူ မျိုးကိုအား ကွင်းဆက်အမှုများဆက်လက်စစ်မေးရာ ၎င်းသည် လွန်ခဲ့သောနှစ်လခွဲကျော်ခန့် ညပိုင်းက  ချမ်းအေးသာစံမြို့နယ် (၃၃) လမ်းနှင့် (၈၆) လမ်းထောင့် ရွှေတချောင်းမြောင်းဘေးအနီးတွင် ရပ်ထားသည့် TOYOMAX  အမျိုးအစား 125  ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့ပြီး ချမ်းအေးသာစံမြို့နယ်  မန်းမြန်မာပလာဇာ အပေါ်ထပ်ရှိSUNDAY Café ဆိုင်တွင် အလုပ်လုပ်သည့် မချိုချိုထွေး၏  ခင်ပွန်းဖြစ်သူ           ကိုကျော်ဇင်လင်း ထံ ငွေကျပ် ၁၁ဝဝဝဝ ဖြင့် ရောင်းချထားကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ရာ သက်သေများ နှင့်အတူ ကိုကျော်ဇင်လင်း၏ နေအိမ်သို့သွားရောက်ရှာဖွေရာ တွေ့ရှိသိမ်းဆည်းခဲ့သည်။  ပြစ်မှု ကျူးလွန်သူ မျိုးကိုအား အမှတ်(၆)   နယ်မြေရဲစခန်းတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူ တပ်ဖွဲ့ခွဲမှ ဒုရဲအုပ်ခိုင်ဝင်းမြင့်က အမှုဖွင့်အရေးယူခဲ့သည်။

ယင်းအပြင် ပြစ်မှုကျူးလွန်သူ  မျိုးကိုအား ဆက်လက်စစ်ဆေးမေးမြန်းရာ စုစုပေါင်းဆိုင်ကယ် သုံးစီးနှင့် ဖုန်းအမျိုးအစား ငါးလုံးကို ခိုးယူထားကြောင်း ထွက်ဆိုသဖြင့် ဆက်လက်သိမ်းဆည်းခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အသီးသီးအမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။မင်းထက်အောင်(မန်းကိုယ်ပွား)​ကြေးမှုံ

No comments:

Post a Comment