ရန်ကုန် ဖေဖော်ဝါရီ ၂၅
ယခုနှစ် ရန်ကုန်သင်္ကြန်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပြန်လည် ခွင့်ပြုမည့် ကုမ္ပဏီသင်္ကြန် မဏ္ဍပ်များနှင့် ပတ်သက်၍ မတ်လပထမပတ်တွင် အစည်း အဝေး ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်း/တံတား) ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
၂ဝ၁၇ ခုနှစ် မဟာသင်္ကြန်တွင် ကုမ္ပဏီများကို မိမိပိုင်နေရာများ၌ သီးခြားဝင်းများဖြင့် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့၌ ကုမ္ပဏီ ရေကစားမဏ္ဍပ်များကို ခွင့်ပြုကာ ရန်ကုန်တိုင်း ဒေသကြီးအနှံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
''ဒီနှစ်မှာ ကုမ္ပဏီကြီးတွေက လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့် လျှောက်ခိုင်းမယ်။ ခွင့်ပြုပေးမယ်။ နောက်ပြီး အရင်တုန်းကလိုပဲ သင်္ကြန်မဏ္ဍပ်တွေရှိမယ်။ ဘယ်လိုပုံစံတွေလဲ ဆိုတာက အသေးစိတ် မသိရသေးဘူး။ သေချာတာက ဒီနှစ်တော့ ရန်ကုန်တိုင်းဒေသကြီး အနှံ့ စည်ကားအောင် လုပ်မယ်။အရင်နှစ်တွေထက် ပိုပြီးစည်ကား အောင်လုပ်မယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။
ယခင်နှစ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သင်္ကြန်မဏ္ဍပ် ဆောက်လုပ် ခွင့်လျှောက်ထားသူများ လိုက်နာရန် စည်းကမ်းချက် ၄၄ ချက်ထုတ်ပြန်ထားပြီး မဏ္ဍပ်ကြီး ၁၁ ခုနှင့် မဏ္ဍပ်အလတ် ခုနစ်ခုအပါအဝင် သင်္ကြန်မဏ္ဍပ်ပေါင်း ၁ဝ၂ ခုခွင့်ပြုခဲ့ကာ ယခုနှစ်သင်္ကြန်ကာလတွင် ယင်းစည်းကမ်း ချက်များကို အနည်းငယ် ပြန်လည်ပြင်ဆင်မည် ဖြစ်ကြောင်း သိရသည်။မြ၀တီ
No comments:
Post a Comment