Latest News

Sunday, February 18, 2018

တပ်မတော် မှ ပြန်လာ ဘင်္ဂါလီများကိုနိုင်ငံသား ပေးမည်ဟု ပြော

တပ်မတော် မှ ပြန်လာ ဘင်္ဂါလီများကိုနိုင်ငံသား ပေးမည်ဟု ပြော

တပ်မတော် လက်အောက်ခံ ပြည်ထဲရေးဝန်
ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ
က ပြန်ဝင်လာသူများအား လက်ခံရေးကို
အဆင့် သုံးဆင့် ဖြင့် ပြုလုပ်သွားမယ်လို့ ဒက္ကား
မြို့ မှာ ပြောကြားသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်
ုပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန်း ခန် ကမဲလ်
က ၎င်းနှင့် တွေ့ဆုံ ဆွေးနွေးအပြီး သတင်းစာ
ရှင်းလင်းပွဲ မှာ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ အဆင့် သုံးဆင့်မှာ ဘင်္ဂါလီများ ပြန်
လည် ခေါ်ယူရေး၊ ၎င်းတို့၏ အသက်မွေးဝမ်း
ကျောင်းနိုင်မှု အာမခံရေး နဲ့ တတိယ အဆင့်
က နိုင်ငံသား ပေးရေး တို့ ဖြစ်တယ်လို့ ဆိုပါ
တယ်။

အဆိုပါ ပြောဆိုချက်သည် တပ်မတော်၏
သဘောထားကို ထင်ဟပ်လိုက်ခြင်း ဖြစ်
သော်လည်း ပြည်တွင်းက လူထုကိုတော့
ဘာကို ဆိုလိုလဲ ဆိုတာ ပွင့်ပွင့် လင်းလင်း
ရှင်းပြရတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ
တော့ tough guy လုပ်ပြီး ပြည်ပမှာ  softie
ဖြစ်သွားတဲ့ သဘောလားဆိုတာတော့ မသဲ
ကွဲသေးပါဘူး။

ထိုကဲ့သို့ ဆွေးနွေးပြောဆိုမှုများက သံတမန်
ရေးမှာ အလွန် အတွေ့ အကြုံ ရှိလှတဲ့ ၀ါရင့်သူ
များသာ ပြု လုပ်သင့်လှပါတယ်။

လက်ရှိ အနေအထားက ကုလသမဂ္ဂ က ဦး
ဆောင်ပြီး မြန်မာအား အကျပ်ကိုင်ရန် ကြံစည်
လုပ်ကိုင်နေကြချိန်ဖြစ်ပါတယ်။

ကုလသမဂ္ဂ က လာမယ့် မိုးရာသီ ၀င်လာရင်
ဒုက္ခသည်များ နေရေးထိုင်ရေး အခက်အခဲ တွေ့
တော့မယ်လို့ တစာစာအော်နေသော်လည်း
၎င်းတို့ လုပ်ထုံးလုပ်နည်းများအတိုင်း အလှုရှင်
နို်င်ငံများ ကွန်ဖရင့် ကို မခေါ်ယူသေးပဲ ထား
နေပါတယ်။

ထွက်ပြေးလာသူများ ဒုက္ခရောက်လေ မြန်မာ
အဖို့ နိုင်ငံတကာ မှာ ပို အကျပ်ရိုက်လေ ဖြစ်
အောင် ဖန်တီးနေတာသာ ဖြစ်ပါတယ်။
ထို့အတွက် အခြေအနေများ က ကောင်းမွန်
အောင် လုပ်ပေးရန် အချိန်တွေ အများကြီး ရှိ
နေပါလျက်နဲ မလုပ်ပါက ကုလ ရဲ့ တာဝန်
သာ ဖြစ်မယ်ဆိုတာ သဘောပေါက်ဖို့ လို
ပါတယ်။

မြန်မာဖက်ကတော့ အတတ်နိုင်ဆုံး ပြင်ဆင်
ပေးထားဖို့ လိုနေပြီ ဖြစ်ပါတယ်။

https://www.google.ca/amp/s/www.indiatoday.in/amp/pti-feed/story/myanmar-outlines-3-stages-for-rohingya-repatriationbangla-min-1171404-2018-02-16
လှစိုး​ဝေ
ကိုးကား။ ။ Press Trust of India (PTI)

No comments:

Post a Comment