Latest News

Sunday, February 18, 2018

ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် မြန်မာအဖွဲ့ ဂျပန်သို့ ထွက်ခွာ

ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် မြန်မာအဖွဲ့ ဂျပန်သို့ ထွက်ခွာ

ရန်ကုန်  ဖေဖော်ဝါရီ ၁၈

ဂျပန်နိုင်ငံ၌   ကျင်းပမည့်  သတ္တမအကြိမ် မြောက်  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလက်ဝှေ့ အဖွဲ့သည်   ဖေဖော်ဝါရီ ၁၈ ရက် ညကANA    လေကြောင်းလိုင်းဖြင့်   တိုကျိုမြို့ သို့   ထွက်ခွာသွားသည်။

မြန်မာ့ရိုးရာ      လက်ဝှေ့အဖွဲ့တွင်    မြန်မာမီဒီယာဂရု(ပ်)မှ      မန်နေဂျင်း ဒါရိုက်တာ ဦးဝ္ဏက    အဖွဲ့ခေါင်းဆောင် အဖြစ်  တာဝန်ယူပြီး ၇ဝ ကီလိုတန်းတွင် စိုးလင်းဦးက    ဂျပန်မှ   ဟာရေယူရာနှင့် လည်းကောင်း၊    ၆၃ ကီလိုတန်းတွင် ထွန်းလွင်စိုးက               ရှူနီချီရှိမီဇူနှင့်   လည်းကောင်း၊ ကြယ်စင်ဖြိုးက    ဟီကာရူ ဟာစုမိနှင့် လည်းကောင်း၊   ၇၃   ကီလို တန်းတွင် မင်းထက်အောင်က       ခိုဟီတို ခဲရှီနှင့်      လည်းကောင်း    ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။

ပြိုင်ပွဲကို   ဖေဖော်ဝါရီ  ၂၁   ရက် မြန်မာစံတော်ချိန်   ညနေ   ၄  နာရီ (ဂျပန်စံတော်ချိန် ညနေ   ၆  နာရီခွဲ)၌ တိုကျိုမြို့  ခိုလကုအန်ခန်းမတွင် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး နိုင်ငံခြားသားများ ချည်း  ထိုးသတ်မည့်     တွဲဆိုင်းနှစ်ဆိုင်း လည်း ပါဝင်မည်ဖြစ်ကြောင်း     သတင်း ရရှိသည်။အဆိုပါပွဲကို    MNTVမှ  မတ် ၁ဝ ရက် မွန်းလွဲ ၁ နာရီခွဲ၌   ပြန်လည် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း    သိရ သည်။                    
တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment