Latest News

Sunday, February 18, 2018

မြန်မာနိုင်ငံ၏ ပထမဦးဆုံး မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းပြီးစီးပါက အိမ်ထောင်စုပေါင်း ၂၁ဝဝဝဝ ကို လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်မည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းပြီးစီးပါက အိမ်ထောင်စုပေါင်း ၂၁ဝဝဝဝ ကို လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်မည်

နေပြည်တော်   ဖေဖော်ဝါရီ   ၁၈

မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင် အကောင်အထည်ဖော် တည်ဆောက် သည့် မင်းဘူး နေရောင်ခြည်စွမ်းအင် သုံး   ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၇ဝ မဂ္ဂါဝပ်)ပြီးစီးပါက အိမ်ထောင်စု ပေါင်း  ၂၁ဝဝဝဝ   ကို လျှပ်စစ် ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း    သိရပြီး စီမံကိန်းတစ်ခုလုံးကို ၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ    ဓာတ်အားပေးစက်ရုံ စီမံကိန်း စတင်အကောင်အထည်ဖော် တည်ဆောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့ပြီး စီမံကိန်းကို  အဆင့် လေးဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပြီးစီးပါက မကွေးတိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲသူများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး သုံးစွဲ၍ ပိုလျှံသော   လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်  ဓာတ်အားစနစ်မှတစ်ဆင့် အခြားဓာတ်အား    မရရှိသေးသည့် ဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ပထမအဆင့်မှ တတိယ အဆင့်အထိ မဂ္ဂါဝပ် ၄ဝ စီ အဆင့်ဆင့် တည်ဆောက်သွားမည်ဖြစ်ပြီး စတုတ္ထ အဆင့်တွင် မဂ္ဂါဝပ်  ၅ဝ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း  တည်ဆောက်နေမှုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၏   အုပ်ချုပ်မှုလက်အောက်ရှိ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ရေး လုပ်ငန်းမှ    တာဝန်ရှိသူတစ်ဦးက ''စီမံကိန်းတစ်ခုလုံးကို ၂ဝ၂၁ ခုနှစ်မှာ ပြီးစီးဖို့ လျာထားပါတယ်၊ စီမံကိန်း ပထမအဆင့် မဂ္ဂါဝပ် ၄ဝ  ကို ၂ဝ၁၈ ခုနှစ်မှာ ပြီးစီးအောင်၊ စီမံကိန်း ဒုတိယ အဆင့် မဂ္ဂါဝပ် ၄ဝ ကို  ၂ဝ၁၉ ခုနှစ် မှာ ပြီးစီးအောင်၊  စီမံကိန်း တတိယ အဆင့် မဂ္ဂါဝပ် ၄ဝ ကို  ၂ဝ၂ဝ ခုနှစ် မှာ ပြီးစီးအောင်၊ စီမံကိန်း စတုတ္ထ အဆင့် မဂ္ဂါဝပ် ၅ဝ ကို  ၂ဝ၂၁ ခုနှစ် မှာ ပြီးစီးအောင် တည်ဆောက်သွားဖို့ အသီးသီး လျာထားပါတယ်။

''စီမံကိန်း  အကောင်အထည်ဖော် တည်ဆောက်နေမှုနဲ့   ပတ်သက်တဲ့ စီမံကိန်းမြေနေရာ  ရှင်းလင်းခြင်း၊ စီမံကိန်းအဝင်လမ်း ဖောက်လုပ်ခြင်း၊ ထွက်ရှိလာတဲ့ ဓာတ်အားတွေ ပို့လွှတ် မယ့်  ၂၃ဝ ကေဗွီ  ဓာတ်အားလိုင်း ၁ ဒသမ ၃ မိုင် တည်ဆောက်ခြင်း၊ စီမံကိန်းလုပ်ငန်းသုံး     ဓာတ်အား ရယူရန်အတွက် ၁၁ ကေဗွီလိုင်း ၁၅ ဒသမ ၅ မိုင်နှင့် သုည ဒသမ ၄ ကေဗွီလိုင်း သုံးမိုင်   တည်ဆောက်ခြင်း၊ စက်ရုံအတွက်   လိုအပ်တဲ့ရေရရှိဖို့ Underground  Tube Well    သုံးခု တူးဖော်ခြင်း     စတဲ့လုပ်ငန်းတွေ အားလုံး  ဆောင်ရွက်ပြီးစီးပြီ  ဖြစ်ပါ တယ်၊ စီမံကိန်း  ပထမအဆင့် မဂ္ဂါဝပ် ၄ဝ  တည်ဆောက်ဖို့    လိုအပ်တဲ့ မြေသားပြုပြင်ခြင်းနဲ့ Solar Panel  ၁၅၉၄၈ဝ ကို လုပ်ငန်းခွင်သို့ ရောက်ရှိ    နေရာချထားပြီးတော့ ကျန်ရှိတဲ့ စီမံကိန်း ပထမအဆင့်   တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်  ရှိပါ တယ်''ဟု ပြောကြားသည်။   ရှင်မင်း(​ကြေးမှုံ)

No comments:

Post a Comment