ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဘဝ သစ်ကျေးရွာ အုပ်စုအတွင်းရှိ ပင်လယ်ကမ်းစပ် တွင် ရွာတည်ထားသော ဂေါ်ဒူကျေးရွာဘုန်းတော် ကြီးကျောင်းနှင့် အလယ်တန်းကျောင်းတို့တွင် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁ဝ နာရီခွဲက သဘာဝ ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်သီသီချိုနှင့် အမာမြို့ အုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် ဂေါ်ဒူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများ၊ အလယ်တန်းကျောင်းသား များ၊ ဆရာ ဆရာမများအား သဘာဝဘေးအန္တရာယ် အသိပညာပေးများဟောပြောခဲ့ပြီး အလယ်တန်း ကျောင်းဝင်းအတွင်းတွင် ကျောင်းသားလေးများ ကျောင်းတက်ချိန် ငလျင်ဘေးကျရောက်လာပါကကာကွယ်တတ်စေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ သဘာဝဘေးအန္တရာယ် ကို အချိန်မရွေးရင်ဆိုင်ရနိုင်သော ပင်လယ်ကမ်းစပ် ကျေးရွာဖြစ်သည့်ဂေါ်ဒူကျေးရွာတွင်ဒေသခံပြည်သူများ၏ လိုအပ်လျက်ရှိသော သဘာဝဘေး အန္တရာယ်ကျရောက်လာပါက လုံခြုံစိတ်ချစွာခိုလှုံ နိုင်သည့် ဆိုက်ကလုန်းရှယ်တာတစ်လုံးကို လူမှု ဝန်ထမ်း/ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှပေး၍(Myanmar Leading)ဆောက်လုပ်ရေးမှ ဇန်နဝါရီ ၄ ရက်တွင် စတင် ဆောက်လုပ်ပေးနေကြောင်းသိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)
No comments:
Post a Comment