Latest News

Monday, February 19, 2018

ဘာစီလိုနာနှင့် မက်ဆီကို တားဆီးနိုင်ရေး မိမိတို့ဘက်က ပြီးပြည့်စုံစွာ ကစားနိုင်ရန် လိုအပ်ဟု ကွန်တီပြော

ဘာစီလိုနာနှင့် မက်ဆီကို တားဆီးနိုင်ရေး မိမိတို့ဘက်က ပြီးပြည့်စုံစွာ ကစားနိုင်ရန် လိုအပ်ဟု ကွန်တီပြော

လန်ဒန် ဖေဖော်ဝါရီ ၁၈

ချယ်လ်ဆီးနည်းပြကွန်တီက ဖေဖော်ဝါရီ ၂ဝ ရက်ညတွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပြိုင်ဘက် ဘာစီလိုနာကို ကျော်ဖြတ်နိုင်ရန် မိမိတို့ဘက်က ပြီးပြည့်စုံသောပွဲအဖြစ် ကစားနိုင်ရန် လိုအပ်ကြော င်း ပြောသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က နှစ်ပွဲဆက် ဂိုးပြတ်ရှုံးသော်လည်း နောက်ဆုံးနှစ်ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့ပြီးနောက် ယုံကြည်မှု ပြန်လည်မြင့်တက်လာသော်လည်း ဘာ စီလိုနာကို အနိုင်ရရေးမှာ မက်ဆီတစ်ဦးတည်းကို ထိန်းချုပ်နိုင်ရုံဖြင့်လည်း မလုံလောက်ကြောင်း ကွန်တီက ဖွင့်ဟခဲ့သည်။

ချယ်လ်ဆီးနှင့် ရင်ဆိုင်ဖူးသည့်ပွဲများတွင် မက်ဆီသည် တစ်ဂိုးမှသွင်းယူနိုင်ခြင်း မရှိခဲ့ေ သ်ာလည်း ကွန်တီက ''မက်ဆီက ချယ်လ်ဆီးနဲ့ တွေ့တဲ့ပွဲတိုင်း ဂိုးမသွင်းနိုင်တဲ့ အစဉ်အလာ ဆက်လက်တည်နေ ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အခုပြောနေတာက ကမ္ဘာမှာ အကောင်းဆုံး ကစားသမား တစ်ဦး အကြောင်းဖြစ်ပြီး ဘာစီလိုနာဆိုတဲ့ အသင်းကလည်း ကမ္ဘာမှာ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တာကြောင့် မက်ဆီတစ်ဦးတည်းကို လူကပ်ကစားရုံနဲ့ ကျွန်တော်တို့ ရလဒ်ကောင်းဖို့မဖြစ်နိုင်ဘူး။ ဘာစီ လိုနာကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ ကိုယ်တွေဘက်က အကောင်းဆုံး ဆုံးဖြတ်ချက်တွေနဲ့ ပြီးပြည့်စုံတဲ့ပွဲအဖြစ် ကစားနိုင်မှဖြစ်မှာပါ'' ဟု ပြောသည်။မြ၀တီ

No comments:

Post a Comment