Latest News

Monday, February 19, 2018

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာမှု အပိုင်းများ ဖော်ဆောင်ရန် လိုအပ်

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာမှု အပိုင်းများ
ဖော်ဆောင်ရန် လိုအပ်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၈

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာမှု အပိုင်းများ ဖော်ဆောင်ရန် လိုအပ် နေသေးကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပသည့် ဒီမိုကရေစီနှင့် မြို့ပြဖွံ့ဖြိုးမှု ဆိုင်ရာနှင့်  ရန်ကုန်မြို့နှင့်  မြန်မာပြည်ဖွံ့ဖြိုးမှု ဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။

''မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးမှုတွေ လုပ်ဆောင်တဲ့နေရာမှာ  ပွင့်လင်းမြင်သာမှုနဲ့ ကန့်ကွက် ပိုင်ခွင့်တွေရှိဖို့ လိုအပ်တယ်။ သယ်ယူပို့ဆောင်ရေး အပိုင်းအနေနဲ့ လက်ရှိ ယာဉ်ကြော ကျပ်တည်းတာတွေ ရှိနေသေးတယ်။ နောက်ပြီး အိမ်ရာတည်ဆောက်တာတွေနဲ့ ပတ်သက်ပြီး တချို့တိုက်ခန်းတွေမှာ ပြတင်းပေါက်ပါရှိမှု နည်းနေတာတွေ ရှိနေပါတယ်''ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ် ကပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ပြဿနာများစွာကို ဖြေရှင်းရန်    အစိုးရပိုင်း အနေဖြင့်   ရေရှည် စီမံကိန်းများ ထားရှိခြင်း၊ အစီအစဉ်များ ရေးဆွဲခြင်းတို့ လိုအပ်သကဲ့သို့ အရေးကြီးဆုံးမှာ ပွင့်လင်းမြင်သာမှု ရှိရန် ပိုမိုလိုအပ်ကြောင်း၊ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးရေးအတွက် အိမ်ရာများနှင့် အထပ်မြင့်များ   စံချိန်စံညွှန်းအမီ  တည်ဆောက်ခြင်းအပြင် နေ့စဉ်သွားလာရေး စနစ်နှင့် ပညာသင်ကြားရေးပိုင်း အတွက်လည်း တစ်နှစ်လျှင်  ကျောင်းပေါင်း  ၂ဝ ခန့် တိုးတက်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ထို့ပြင် မြို့ပြဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြဆွေးနွေးခြင်း၊လွှတ်တော်မှ သုံးသပ်ဆွေးနွေး အတည်ပြုပြီး အတည်ပြု လက်ခံသည်များကို အဆင့်ဆင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment