Latest News

Monday, February 19, 2018

ကိုင်းပြင်ကြီးတံတားဘေးချောက်ထဲယာဉ်တစ်စီးထိုးကျတိမ်းမှောက်

ကိုင်းပြင်ကြီးတံတားဘေးချောက်ထဲယာဉ်တစ်စီးထိုးကျတိမ်းမှောက်

မင်းလှ ဖေဖော်ဝါရီ  19

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီး ကျေးရွာအနီး ရန်ကုန်− ပြည်ကားလမ်းမကြီးမိုင်တိုင်အမှတ် ၉၉/ ၆ နှင့်၉၉/ ၇ အကြား ကိုင်းပြင်ကြီး တံတားဘေးချောက်ထဲသို့ ဖေဖော်ဝါရီ ၂၀ရက်နံနက် ၁၀နာရီခန့်ကယာဉ်တစ်စီးထိုးကျ တိမ်းမှောက် ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်ဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်းဇော်ဇော် မောင်းနှင်ပြီး မင်းသစ္စာအောင် လိုက်ပါစီးနှင်းလာသောယာဉ်အမှတ်၇ဂ/၂၁၉၉ တိုယိုတာမက်တူး အဖြူရောင်ယာဉ်သည် ယာဉ်ကြော အတိုင်းမောင်းနှင် လာစဉ် တံတားအတက်တွင်ရုတ်တရက် အရှိန်မထိမ်းနိုင်ဘဲလမ်း၏ ယာဘက် ဘေးချောက်အတွင်းသို့ ထိုးကျတိမ်း မှောက်ခဲ့ပြီးလူများ ဒဏ်ရာများမရရှိဘဲယာဉ်မှာ ပျက်ဆီးဆုံးရှုံး ခဲ့သည်။

အမှုအား မင်းလှမြို့မရဲစခန်းမှ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဇော်ဇော်အားအမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ပေါက်စ−မင်းလှ(မြန်​မာ့အလင်း)

No comments:

Post a Comment