Latest News

Wednesday, February 7, 2018

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး ဆွေးနွေး

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး ဆွေးနွေး

နေပြည်တော်   ဖေဖော်ဝါရီ    ၇

စင်ကာပူ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏   ဖိတ်ကြားချက်အရ    စင်ကာပူ   လေကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက် ညပိုင်းတွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် Changi Exhibition Centre ၌ကျင်းပသည့် စင်ကာပူလေကြောင်းပြပွဲသို့ ရောက်ရှိပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာကြသည်။

ထို့နောက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  Lt. Gen. Perry Lim   နှင့်  Ministry of  Defence Chalet ၊ Changi Exhibition Centre ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလက္ကာရေလက်ကြား ပင်လယ်ပြင် လုံခြုံရေးနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်သင်္ဘောများ အပြန်အလှန်လည် ပတ်ရေး၊ စစ်ဘက်ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ခင်းကျင်းပြသ ထားသည့် တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များကို လည်းကောင်း၊  လေယာဉ်ပျံသန်းမှုပြသခြင်းကို  လည်းကောင်း ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment