Latest News

Wednesday, February 7, 2018

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် VSOတို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

ကျောင်းပြင်ပနှင့်  တစ်သက်တာပညာရေးဦးစီးဌာနနှင့် VSOတို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော်    ဖေဖော်ဝါရီ     ၇

ကျောင်းပြင်ပနှင့်   တစ်သက်တာပညာရေးဦးစီးဌာနနှင့် Voluntary  Service Overseas (VSO)တို့အကြား         သဘောတူညီမှုစာချွန်လွှာ  လက်မှတ်ရေးထိုးခြင်း  အခမ်း      အနားကို ယနေ့ နံနက် ၁၁ နာရီခွဲက  ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၅၂)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက  ယနေ့ အခမ်းအနားသည် ကျောင်းပြင်ပနှင့်   တစ်သက်တာ ပညာရေးဦးစီးဌာန၏ စွမ်းဆောင်ရည်မြှင့်တင် တည်ဆောက်မှုလုပ်ငန်းဆောင်ရွက် နိုင်ရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန       နှင့်  Voluntary Service Overseas (VSO)တို့အကြား အပြန်အလှန် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်   မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက်   အကျိုးဖြစ်စေမည့် ပညာရေး     ကဏ္ဍအတွက် ထောက်ပံ့ပေးသောVoluntary Service Overseas (VSO) နှင့်  ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနတို့အကြား  သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးပါဝင်နိုင်သည့် အရည်အသွေးရှိသော ကျောင်းပြင်ပ     နှင့်တစ်သက်တာပညာရေးဖြစ်ပေါ်လာစေရန် အထောက်   အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊   ပညာသင်ယူသူများ အနေဖြင့်¤င်းတို့၏ ဘဝတစ်သက်တာ သင်ယူမှုနှင့် အလုပ်  အကိုင် မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရေး အတွက်  အရည်အသွေးအာမခံမှုရှိပြီး အသိအမှတ်ပြုထား    သော ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးအစီအစဉ်  များဖြင့်    သင်ယူတတ်မြောက်လာနိုင်မည်   ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်   ဒေါက်တာခိုင်မြဲနှင့် Voluntary Service Overseas (VSO- Myanmar)မှ  Country  Director  Ms.Joyce Laker  တို့က သဘောတူညီမှုစာချွန်လွှာ      လက်မှတ်ရေးထိုးရခြင်း အကြောင်းနှင့် စပ်လျဉ်း၍   အမှာစကားပြောကြားကြပြီး နားလည်မှုစာချွန်လွှာတွင်    လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။                                                သတင်းစဉ်

No comments:

Post a Comment