Latest News

Saturday, February 10, 2018

ကွမ်းခြံကုန်း-ဒေးဒရဲကားလမ်း ငွေကျပ်​အကုန်အကျခံ၍ အဆင့်မြှင့်တင်ဆောင်ရွက်နေ

ကွမ်းခြံကုန်း-ဒေးဒရဲကားလမ်း  ငွေကျပ်​အကုန်အကျခံ၍ အဆင့်မြှင့်တင်ဆောင်ရွက်နေ

ကော့မှူး    ဖေဖော်ဝါရီ    ၉

ရန်ကုန်တိုင်းဒေသကြီး   ကွမ်းခြံကုန်းကျေးရွာမှ    ဧရာဝတီ တိုင်းဒေသကြီး    ဒေးဒရဲသို့   သွားသည့်   ကားလမ်းပိုင်းသည် ရှစ်မိုင်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှBOTယူထား သောZAY KABAR  ကုမ္ပဏီလီမိတက်က    ကားလမ်း အား ၁၈ ပေ အကျယ်ချဲ့ခြင်း၊   လမ်းပေါ်ရှိ   တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ယခု ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ငွေကျပ် ၄ ဘီလီယံသုံးစွဲ အကုန်အကျခံ၍ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍     အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကွမ်းခြံကုန်း-ဒေးဒရဲ ကားလမ်းနှင့်   တစ်ဆက်တည်း ဖြစ်သော  လှိုင်သာယာ-ဒလ-ကော့မှူး-ကွမ်းခြံကုန်း-  ဒေးဒရဲ ကားလမ်းသည် မိုင်အားဖြင့် ၅၄ မိုင် ၇ ဖာလုံရှိပြီး  ZAY KABARကုမ္ပဏီလီမိတက်က     ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်သှူဆောက်လုပ်ရေးလုပ်ငန်း   (ယခုလမ်းဦးစီးဌာန) မှ BOT  စနစ်ဖြင့် ဆောင်ရွက်လိုကြောင်း  တင်ပြလျှောက် ထားသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သှူဆောက်လုပ် ရေးလုပ်ငန်းက ၂ဝ၁၁ ခုနှစ်    စက်တင်ဘာ  ၈  ရက်မှစ၍ ယာယီ ကြိုတင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီး    ၂ဝ၁၃  ခုနှစ်   စက်တင်ဘာ ၈  ရက်တွင်ြဥွှ စနစ်ဖြင့် လုပ်ဆောင်ခွင့်  စာချုပ်ချုပ်ဆို ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းအားBOT ကုမ္ပဏီသည်    စာချုပ်ပါ စည်းကမ်းအရ ၁၈ ပေ   လမ်းအဖြစ်     ဆောင်ရွက်ရမည်ဖြစ် သော်လည်း ၂ဝ၁၂  ခုနှစ် ပြည်ပကားတင်သွင်းမှု        မူဝါဒ အရ လှိုင်သာယာမှ ကွမ်းခြံကုန်းအထိ ၂၇ မိုင်  ၆  ဖာလုံအား ၂၄ ပေ ချဲ့ခြင်း၊ ကတ္တရာခင်းခြင်း၊ တွံတေး-ဒလလမ်းပိုင်း ၁၃ မိုင် ၆ ဖာလုံအား ၁၂ ပေအကျယ်မှ ၂၄ ပေချဲ့ ခြင်း၊  ကတ္တရာ ခင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၏ လမ်းညွှန်မှုအရ တွံတေး-ကော့မှူးအပိုင်း ၁၈ မိုင် ၅ ဖာလုံ အား နိုင်လွန်ကတ္တရာ AC ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ခဲ့သော  ဘဏ္ဍာရေးနှစ်အလိုက် ရင်းနှီး မြှုပ်နှံမှုတန်ဖိုးမှာ ၂ဝ၁ဝ-၂ဝ၁၁  ဘဏ္ဍာနှစ်အတွင်း  ငွေကျပ် ၇၉၈ ဒသမ ၄၇ သန်း၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂ဝ၂၁ ဒသမ ၉၇ သန်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၂၇၁ ဒသမ ၄၃ သန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၅၃ဝ ဒသမ ၁၉ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၄၃၈  ဒသမ ၂၂ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၆၃၂ ဒသမ ၃၄ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၆၂၇ ဒသမ ၉ဝ သန်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂ဝ၈ ဒသမ ဝဝ သန်း စုစုပေါင်း ငွေကျပ် ၁၅၅၂၈ ဒသမ ၅၂သန်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားကြောင်း သိရသည်။   ခရမ်းစိုးမြင့်(မြန်​မာ့အလင်း)

No comments:

Post a Comment