တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဘွဲ့တံဆိပ်အား လက်ခံရယူ
နေပြည်တော် ဖေဖော်ဝါရီ ၁၆
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်း တွင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ် ချီးမြှင့်သည့် ‘‘The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant’ ဘွဲ့တံဆိပ်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဘွဲ့တံဆိပ်အား လက်ခံရယူ သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်း အနားကျင်းပမည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ရောက်ရှိ ကာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ဘွဲ့တံဆိပ်အား ဂုဏ်ပြုအပ်နှင်း
ထို့နောက် ဘွဲ့တံဆိပ်ဂုဏ်ပြုအပ်နှင်း ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen. Prawit Wongsuwon က ပေးပို့သည့် ဂုဏ်ပြုဘွဲ့တံဆိပ်အပ်နှင်းခြင်း သဝဏ် လွှာအား အခမ်းအနားမှူးက ဖတ်ကြား ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကို ထိုင်းဘုရင်မင်းမြတ် ၏ကိုယ်စား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarn-chaiyan Srisuwan က ‘‘The Knight Grand Cross (First Class) of the Most Exalted Order of the White Elephantဘွဲ့တံဆိပ်အား ဂုဏ်ပြုအပ်နှင်းသည်။ ထို့နောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုစကား ပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထပ်မံချီးမြှင့်ခံရ
‘‘The Knight Grand Cross (First Class) of the Most Exalted Order of the White Elephantဘွဲ့တံဆိပ်ကို မြန်မာ့တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဦးဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်ခိုင်မာအောင် ဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြု သည့်အနေဖြင့် ရာမ(၉)ထိုင်းဘုရင် မင်းမြတ် Bhumibol Adulyadej က ချီးမြှင့်သည့် ‘‘The Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand ဘွဲ့တံဆိပ်ကို ၂ဝ၁၃ ခုနှစ်က ရရှိခဲ့ပြီးနောက် ပြည်ပနိုင်ငံသား များအား ချီးမြှင့်ရန် ခက်ခဲလှသော အဆင့်အတန်း ပိုမိုထူးကဲမြင့်မားသည့် ယခု ဘွဲ့တံဆိပ်အား ထပ်မံချီးမြှင့်ခံရခြင်း ဖြစ်သည်။ နိုင်ငံတကာမှ အဆိုပါ ဘွဲ့တံဆိပ်ရရှိခဲ့သူ အနည်းငယ်မျှသာ ရှိသည့်အနက် က္ဘောဒီးယားဘုရင် နိုရိုဒွန်၊ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၊ ဝိတိုရိယဘုရင်မကြီး၊ အမေရိကန် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝီလျံဝက်စ်မိုးလင်း စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြကြောင်း သိရှိရသည်။
ဂါရဝပြုတွေ့ဆုံ
မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌGen. Prem Tinsulanonda အား ၄င်း၏ နေအိမ် ဧည့်ခန်းမ၌ ဂါရဝပြုတွေ့ဆုံသည်။
နှစ်နိုင်ငံဆက်ဆံရေး
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်မှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်လက်ဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဆက်ကပ်လှူဒါန်း
ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီးတို့နှင့်အတူ Wat Ratcha-bophit Sathi Mahasimaramဘုန်းကြီးကျောင်းသို့ သွားရောက်၍ သံဃနာယက ဂိုဏ်းချုပ်ဆရာတော် အား ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ ရွှေတိဂုံ ပုံတူပန်းချီကား၊ ရွှေတိဂုံပုံတူစေတီ တော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
Friday, February 16, 2018
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဘွဲ့တံဆိပ်အား လက်ခံရယူ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဘွဲ့တံဆိပ်အား လက်ခံရယူ
Reviewed by Ar Ti
on
8:29 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment