Latest News

Friday, February 16, 2018

သမီးဖြစ်သူရေးချိုးခန်းထဲဒဏ်ရာများနှင့်သေဆုံးနေမှု ရဲစခန်းတွင် တိုင်ချက်ဖွင့်သည့် ဖခင်က တရားခံဖြစ်နေ

သမီးဖြစ်သူရေးချိုးခန်းထဲဒဏ်ရာများနှင့်သေဆုံးနေမှု ရဲစခန်းတွင် တိုင်ချက်ဖွင့်သည့် ဖခင်က တရားခံဖြစ်နေ

ပုသိမ်  ဖေဖော်ဝါရီ ၁၆

ပုသိမ်မြို့နယ် သင်္ဘောကျင်းနယ်မြေရဲစခန်းအပိုင် လင်းဝင်းကျေးရွာအုပ်စု ရေသိုးကျေးရွာ၌ သမီးဖြစ်သူပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေး ဝန်ထမ်းသည် နေအိမ်ပြန်ရောက်ခါမှ ရေချိုးခန်းထဲဒဏ်ရာများစွာနှင့် သေဆုံးမှုရဲစခန်းတွင် တိုင်ကြားထားခဲ့သည့် ဖခင်က လူသတ်တရားခံ ဖြစ်နေကြောင်း စစ်ဆေးသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီခန့်တွင် ပုသိမ်မြို့မတစ်ဖက်ကမ်း သင်္ဘောကျင်းနယ်မြေရဲစခန်းအပိုင် လင်းဝင်းကြီးကျေးရွာအုပ်စု ရေသိုးကျေးရွာနေ ပုသိမ်တက္ကသိုလ် သင်္ချာဌာနစာရေးဝန်ထမ်းဒေါ်နီလာခိုင်သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၅နာရီခန့်တွင် နေအိမ်သို့ ပြန်လာပြီး နေအိမ်ရေးချိုးခန်းထဲရေချိုးရန် ဝင်နေကြောင်း။ ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးမောင်ပု ၆၅ နှစ်သည် အိမ်နောက်ခြံထဲ၌ စိုက်ပျိုးရေးလုပ်နေသဖြင့် ဘာမျှသတိမထား မိသော်လည်း မကြာမီအသံဝိုးဝါးနှင့် ခေါ်သံကြား၍ အိမ်ပေါ်ပြေး တက်လာပြီး ရေချိုးခန်းထဲဝင်ကြည့်လိုက်ရာ သမီးဖြစ်သူ ဒေါ်နီလာခိုင်မှာ ဒဏ်ရာများစွာနှင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် ဟူ၍ တိုင်ကြားခဲ့သဖြင့် စခန်းမှူး ရဲအုပ်ခင်မောင်ဝင်းက အမှုဖွင့်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုးနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် အတူ ရဲလုပ်ငန်းပြည့်စုံအောင် ဆောင်ရွက်ခဲ့သည်။သို့သော် သေဆုံးသူရရှိသော နဖူး၊ မျက်နှာ၊ နောက်ကျောစသည်တို့တွင် တွေ့ရှိရသော ထိုးသွင်း၊ ခုတ်ဖြတ်၊ ထုရိုက်ဒဏ်ရာများနှင့်သက်သေခံအရိုးအသွား၈ လက်မ ဓားတစ်ချောင်း၊ ငရုတ်ကျည်ပွေ့တစ်ချောင်း သိမ်းဆည်းနိုင်ခဲ့သော်လည်း ပြတ်ရှလေးပင်ဒဏ်ရာရှိစေနိုင်သော လက်နက်ရှာဖွေရန် လိုအပ်နေမှုကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းမြင့်ထူးအား တင်ပြ၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုးနှင့် တိုင်း/ခရိုင် မှုခင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းကာ သားအဖနှစ်ဦးသာနေသော ခြေရာပျောက်ခံ လမ်းကြောင်းကို မသင်္ကာသူအား စိတ်ပိုင်းဆိုင်ရာစည်းရုံး စစ်မေးခြင်း လုပ်ငန်းဖြင့်ဆက်လက်ဆောင်ရွက်မှုကြောင့် လျှို့ဝှက်သိမ်းဆည်း ထားသော ရဲဒင်းတစ်လက်နှင့် စိုက်ပျိုးခြံမြက်ခင်းစပ်၌ ဖွတ်လျှော်လှန်း ထားသော စွတ်ကျယ်ပုဆိုးများပါ သက်သေခံသိမ်းဆည်း၍ ဓာတုဗေဒဌာနသို့ ပေးပို့စစ်ဆေးရာ သေဆုံးသူဖခင်ဦးမောင်ပု၏ ဆေးကြောထားရှိသော သွေးအမျိုးအစားအတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းတွင် သင်္ဘောကျင်း နယ်မြေရဲစခန်း၌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းမြင့်ထူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်စိုးနယ်မြေရဲစခန်းမှူးရဲအုပ်
ခင်မောင်ဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသန်းလှနှင့် အသိ သက်သေများရှေ့မှောက်တွင် ပြစ်မှုကျူးလွန်သူ(သို့မဟုတ်) အမှုဖွင့်တိုင်တန်းသူ ဦးမောင်ပုကိုယ်တိုင် ဖြောင့်ချက်ပေးထွက်ဆိုသည်မှာ အခင်းဖြစ်ပွားသည့်နေရာ ဒေါ်နီလာခိုင်သည် နေအိမ်သို့ပြန်လာစဉ် ကင်မလင်းကျွန်းရပ်ကွက်မှာ ခြံမြေဝယ်ဖို့ကိစ္စကိုပြောခဲ့တာကို ဖခင်ဖြစ်သူက လက်ရှိရွာက မပြောင်းရွှေ့နိုင်ကြောင်း အပြန်အလှန်စကားများမိလို့ ကရုဏာဒေါသောနဲ့အနားရှိတဲ့ ငရုတ်ကျည်ပွေ့နဲ့ ခေါင်းထုမိရာက ရေချိုးခန်းထဲ ခေါင်းငိုက်စိုက်သွားလို့ ဓားနဲ့ထိုးမိပြီး အခန်းဒေါင့်မှာတွေ့တဲ့ ရဲဒင်းနဲ့ ထပ်ခုတ်မိခြင်းဖြစ်ကြောင်း၊ ရေချိုးခန်းထဲသေသွားတော့မှ ခြေလက်ဆေးကြောပြီး ရွာထဲထွက် စဉ်းစားပြီး ရဲစခန်းသို့ ည ၇နာရီလောက်မှာသမီးမနီလာခိုင်ကို သူတစ်ပါးဝင်သတ်သွားတယ်လို့ မမှန်မကန် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်းဟု လူသတ်တရားခံ ဦးမောင်ပုက ဖြောင့်ချက်ပေး ဝန်ခံထွက်ဆိုခဲ့ကြောင်းသိရသည်။ပုသိမ်-လှကြည်(မြန်​မာ့အလင်း)

No comments:

Post a Comment