Latest News

Tuesday, February 6, 2018

ဌာနဆိုင်ရာများ ဥပဒေများကို ဥပဒေနှင့်အညီဖြစ်အောင်ကိုင်တွယ် ကြရန်​၀န်ကြီးချုပ် ပြောကြား

ဌာနဆိုင်ရာများ ဥပဒေများကို ဥပဒေနှင့်အညီဖြစ်အောင်ကိုင်တွယ်
ကြရန်​၀န်ကြီးချုပ် ပြောကြား

ဖေဖော်ဝါရီ      ၆ ရက်

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊အထွေထွေအုပ်ချုပ် ရေးမှူးရုံးတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 “ဌာနဆိုင်ရာတွေဥပဒေများကို လည်း ဥပဒေ နှင့်အညီဖြစ်အောင်ကိုင်တွယ်ကြရန် ယင်းဥပဒေမှာပြည်သူများနှင့် အုပ်ချုပ်ရေးဘက်ကသူများအကြားရှိ စည်းပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။ "တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားမှု ဖြစ်လာခဲ့ရင် ဘာနဲ့ ကိုင် တွယ်ဆောင်ရွက်မယ်ဆိုရင် ဥပဒေနဲ့ပဲ ကိုင်တွယ်ဆောင်ရွက်ရမှာပါ။ ကျနော်တို့အားလုံးဟာ ဥပဒေစိုးမိုးမှုကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ပတ်သက်ရင် နှစ်ပိုင်းရှိပါတယ်။ တစ်ခုက ရာဇဝတ်မှုကျူးလွန်မှုတွေ ဖြစ်လာရင် ရဲစခန်းကနေ ဖမ်းမယ်။ ဒါ အုပ်ချုပ်ရေးဘက်ကနေ ဖမ်းဆီး ခွင့်ပြုမယ်။

ဖမ်းဆီးပြီးရင် ဥပဒေရုံးက နေ ဥပဒေ အကြံဉာဏ်တွေရယူမယ်။ တရားရုံးကို အမှုကိုတင်သွင်းရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားမျှတတဲ့ တရားစီရင် ရေး တွေဖြစ်အောင် ကျ နော်တို့တွေ ကြိုးစားရမှာဖြစ်ပါတယ်။"ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။ ယင်းဥပဒေဖြင့်တရားမျှတအောင် မဆောင်ရွက်နိုင်ပါက ပြည်သူများက မည်သို့ဆက်နေထိုင်ကြမည် ဟူသည့် မေးခွန်းထုတ်စရာတွေဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။

"ဒီနေရာမှာ လူတွေက အုံကြွလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေနဲ့အညီမဖြစ်တော့ဘူး၊ တရားစီရင်ရေးမဏ္ဍိုင်က ငါတို့ကို ဘာမှ ကာကွယ်မပေးနိုင်တော့ဘူး၊ ငွေများ ငွေနိုင် ဖြစ်နေတယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်သွားလို့မရပါဘူး။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားကြရမှာဖြစ်ပါတယ်။"ဟုဝန်ကြီးချုပ်ကပြောသည်။ တရားဥပဒေစိုးမိုးရေး ခိုင်မာလာမှသာ ပြည်သူလူထု၏ ခိုင်မာသည့်ယုံကြည်မှုရနိုင်မည်ဖြစ်ကြောင်း၊တရားစီရင်ရေးအောက်၌ လုံခြုံမှုမရှိပါကအုံကြွမှုများဖြစ်လာနိုင်ပြီး ဖိနှိပ်အုပ်ချုပ်သည့်အစိုးရမျိုးပေါ်ပေါက်လာ တတ်ကြောင်းယခုအခါ တရားစီရင်ရေး မဏ္ဍိုင်၏တည့်မတ်မှန်ကန်ပြီးမျှတသည့် ဆုံးဖြတ်ချက်များဖြစ်ရန်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း၎င်းက ပြောသည်။ ယင်းနောက်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးဌာန၊ဝန်ကြီးဦးဟံထွန်းနှင့်လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဒေါ်နီလာကျော်တို့သည် ​ကျောက်တန်းမြို့နယ် ရွှေကုန်းလမ်းမကြီးအား ကွန်ကရစ်လမ်းခင်း နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျောက်တန်းမြို့နယ်၊ လမ်းမတော်လမ်း၊ ရွှေမှော်ဝန်းခန်းမရှေ့တွင် ရေနှုတ်မြောင်းတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ အငူကူးတို့လမ်းရှိ ရွှေကူးတို့တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ သန်လျင်တိုးဂိတ် တည်​ဆာက်မည့်​​နေရာအားကြည့်ရှုပြီး သန်လျှင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် သန်လျှင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်သည်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
YRG Info:


No comments:

Post a Comment