Latest News

Tuesday, February 6, 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့ပါတီဖြစ်သည့်အတွက် ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို အတူရပ်တည်ရန် ဝန်ကြီးချုပ်ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့ပါတီဖြစ်သည့်အတွက် ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို အတူရပ်တည်ရန် ဝန်ကြီးချုပ်ပြောကြား

ဖေဖော်ဝါရီ ၆ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့ပါတီဖြစ်သည့်အတွက်ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကိုအတူရပ်တည်ရန် ရန်​ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ​​​ပြောကြားသည်​။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့်တွေ့ဆုံပွဲတွင်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပြည်သူလူထုရဲ့အသံကို ကျွန်တော်တို့နားထောင်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့ပါတီဖြစ်သလို ပြည်သူနဲ့အတူ ရပ်တည်ရမှာဖြစ်တဲ့အတွက် ပြည်သူလူထုကြားမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေ အနေအထားတွေကို အချိန်နဲ့တပြေးညီဆောင်ရွက်ပေးနိုင်တာကတော့ ကျွန်တော်တို့ရပ်ကျေးအမှုဆောင်များဖြစ်ပါတယ်။ဒါကြောင့်မို့အဖွဲ့ချုပ်ရဲ့ ရပ်ကျေးရုံးတွေဟာပြည်သူလူထုကြားမှာရှိနေတဲ့ ရုံးတွေပဲဖြစ်ပါတယ်။ဒီရုံးတွေတဆင့်သိရှိနိုင်ဖို့လိုပါတယ်။"ဟုဝန် ကြီးချုပ်ကပြောသည်။

 ရပ်ကျေးများတွင်ဖြစ်ပေါ်နေသည့်မတရားမှုများကိုရပ်ကျေးပါတီဝင်များက အသိဆုံးဖြစ်ကြောင်းရပ်ကွက်ကျေး
ရွာတွေအတွင်းတရားဥပဒေစိုးမိုးမှုဖြစ်ရန် မတရားဖြစ်နေသည့်အခြေအနေများကိုလည်း သိရှိရန်လိုအပ်ကြောင်း၎င်းက
ပြောသည်။

 "ဘာကြောင့်လဲဆိုကျွန်တော်တို့ပါတီအတွင်းကနေ ဒီအခြေအနေတွေကို စနစ်တကျတင်ပြပေးနိုင်တယ်ဆိုရင် ဒီအနေအထားကိုကျွန်တော်တို့ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ။ အမြင်ကလဲ ၂ မျိုးတက်လာမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးဘက်ကတင်ပြတဲ့အခြေအနေတစ်ခုရှိသလို ပြည်သူလူထုဘက်ကတင်ပြမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လမ်းကြောင်းကနေသာ တက်လာမယ်ဆိုရင် ဆုံးဖြတ်ဆောင်ရွက်တဲ့ခါ ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ဆောင်ရွက်မှုတစ်ခုကို လုပ်နိုင်မှာဖြစ်ပါတယ်၊ဒာမှမဟုတ်ရင်​​နားတစ်ဖက်တည်းနဲ့နားထောင်ပြီးဆုံးဖြတ်နေတဲ့ ဆုံးဖြတ်မှုမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။"ဟုဝန်ကြီးချုပ်က ​ပြောသည်​။

ရပ်ကျေးပါတီဝင်များသည် အစိုးရ၏ခြေလက်များဖြစ်ပြီး ၎င်းတို့၏စွမ်းဆောင်နိုင်မှုသည် အဖွဲ့ချုပ်နှင့်အစိုးရအောင်မြင်မှုအတွက် များစွာအထောက်အကူဖြစ်သည့်အတွက်
ရပ်ကျေးရုံးများကိုအားထားပါကြောင်း၊တရားဥပဒေစိုးမိုးရေးဖွံ့ဖြိုးတိုးတက်ရေးများနှင့်ပတ်သက်ပြီးအသေးစားအလတ်
စားချေးငွေများကိုပေးပါက မည်သူ့ကိုပေးသင့်သည်ကိုရပ်ကျေးမှလူများကအသိဆုံးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"အဖွဲ့ချုပ်ရဲ့ ရပ်ကျေးရုံးတွေဟာ ပြည်သူလူထုကြားမှာရှိနေတဲ့ ရုံးတွေပဲဖြစ်ပါတယ်။ ဒီရုံးတွေတဆင့်သိရှိနိုင်ဖို့လိုပါတယ်။ ဒီရုံးတွေမှာတာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ပါတီဝင်တွေဟာ တကယ့်ကိုစွန့်လွှတ်ပေးဆပ်ပြီးဆောင်ရွက်နေရတာ ဖြစ်ပါတယ် ။အခုကျွန်တော်တို့တာဝန်ယူ ဆောင်ရွက်နေတဲ့အချိန်ကာလမှာ ပါတီမှာဆောင်ရွက်နေသူတွေက လခလဲရတာမဟုတ်ပါဘူး။ ဘာအခွင့်အလမ်းမှရတာလဲမဟုတ်ပါဘူး။ ဒါပေမဲ့ပြည်သူလူထုအတွက်အကောင်းဆုံးစွမ်းဆောင်ပေးနိုင်တဲ့နေရာမှာ ပေးဆပ်မှုကြီးကြီးနဲ့ ​ဆောင်ရွက်နေကြတဲ့ရဲဘော်များဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်တို့ဟာ ရပ်ကျေးမှာဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေအပေါ်မှာ အလွန်အင်မတန် တန်ဖိုးထားပါတယ်။"ဟု ဝန်ကြီးချုပ်က ပြောသည်။
ထို့နောက် တက်ရောက်လာသော အဖွဲ့ချုပ်အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းရာဝန်ကြီးချုပ်က ပြန်လည်ဖြေကြားသည်။

ယင်းနောက်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီးဦးဟံထွန်းနှင့်လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဒေါ်နီလာကျော်တို့သည်ရှေးဟောင်း သမိုင်းဝင်ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ်စေတီတော်အား သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ကြသည်။
YRG Info:

No comments:

Post a Comment