Latest News

Monday, February 19, 2018

ခရီးသည်တင် လေယာဉ် အီရန်၌ ပျက်ကျ၊ လိုက်ပါလာသူ အားလုံး သေဆုံး

ခရီးသည်တင် လေယာဉ် အီရန်၌ ပျက်ကျ၊ လိုက်ပါလာသူ အားလုံး သေဆုံး

တီဟီရန် ဖေဖော်ဝါရီ ၁၈

လူ ၆၆ ဦးတင်ဆောင်လာသော အီရန်ခရီးသည်တင် လေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် အီရန်နိုင်ငံအလယ်ပိုင်း၌ ပျက်ကျမှုဖြစ်ပွားရာ လိုက်ပါလာသူ အားလုံး သေဆုံးသွားကြောင်း အီရန်သတင်း ဌာနများက ဖော်ပြထားသည်။ ၎င်းခရီးသည်တင် လေယာဉ်သည် ပြည်တွင်းခရီးစဉ်အဖြစ် တီဟီရန်မြို့မှ နိုင်ငံ အနောက်တောင်ပိုင်းရှိ ယာဆုမြို့သို့ပျံသန်းစဉ် ပျက်ကျသွားခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျသည် ဟူသော သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ရှာဖွေမှုများ လုပ်ဆောင်သော်လည်း ကံမကောင်းစွာပင် လေယာဉ်ပေါ်၌ လိုက်ပါလာသူ အားလုံးသေဆုံးသွားသည်ကိုသာ တွေ့ရကြောင်း အေ့စမန်း လေကြောင်းလိုင်း မှ ပြည်သူ့ ဆက်ဆံရေးညွှန်ကြားရေးမှူး မိုဟာမတ်တာဘာတာဘေက နိုင်ငံပိုင် IRIB ရုပ်မြင်သံကြားဌာနသို့ ပြောသည်။

ATR ကုမ္ပဏီထုတ် အဆိုပါ ခရီးသည်တင် လေယာဉ်သည် အီရန်နိုင်ငံသားပိုင် အေ့စမန်း လေ ကြောင်းလိုင်းမှဖြစ်ပြီး ဆီမီရွမ်မြို့အနီးရှိ တောင်ကုန်းထူထပ်သော ဒေသ၌ ပျက်ကျသွားခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မို့ချဒါဘခါလေဒီ၏ ပြောဆိုချက်ကိုကိုးကား၍ ISNA သတင်းဌာန က ဖော်ပြထားသည်။

အဆိုပါ လေယာဉ်ပျက်ကျရာနေရာ၌ မြူခိုးများ ထူထပ်လျက်ရှိသောကြောင့်ျရဟတ် ယာဉ်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မစွမ်းသာသည့်အတွက် ကယ်ဆယ်ရေး အလုပ် သမားများမှာ မြေပြင်မှသာ သွားလာရကြောင်း ဆီမီရွမ်မြို့တော်ဝန်က ပြောသည်။ ယင်းလေယာဉ်သည် တီဟီရန်မြို့ရှိ မယ်ရာဘတ်လေဆိပ်မှ ပျံတက်ပြီး မိနစ် ၅ဝ အကြာတွင် ရေဒါမှ ပျောက် ကွယ်သွားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Press TV သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အီရန်နိုင်ငံ၌ လေယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားကြောင်း သိရသည်။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများကြောင့် အီရန်အနေဖြင့် လေယာဉ်အသစ်များနှင့် လေယာဉ် အပိုပစ္စည်း များကိုဝယ်ယူခွင့်မရသည့်အတွက် လေယာဉ်ပျက်ကျမှုများ မကြာခဏ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အီရန် အစိုးရက ပြောသည်။မြ၀တီ

No comments:

Post a Comment