Latest News

Monday, February 19, 2018

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးသေဆုံးပြီး ခရီးသည် ၁၄ ဦးဒဏ်ရာရရှိ

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးသေဆုံးပြီး ခရီးသည် ၁၄ ဦးဒဏ်ရာရရှိ

 မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

 မိတ္ထီလာမြို့ နယ် အမြန်လမ်းမကြီးမိုင်တိုင်အမှတ်  ( ၂၈၆/၇ ) နှင့် ( ၂၈၇ /၀ ) အကြားတွင် ခရီးသည်တင်ယာဉ်အား
အိမ်စီးမော်တော်ယာဉ်မှ ၀င်တိုက်မိသည့် ယာဉ်တိုက်မှုဖြစ်ပွားပြီးခရီးသည်ယာဉ်ပေါ်ပါရှိသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသမီး
တစ်ဦးသေဆုံးကာခရီးသည် ၁၄ ဦးဒဏ်ရာရရှိသည့် ယာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့  မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အချိန်က ဖြစ်ပွား
ခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက် သွားရာလမ်းအတိုင်းယာဉ်မောင်းမျိုးမြင့်ဦး ၂၂ နှစ် လှိုင်မြို့ နယ် ၊ ရန်ကုန်မြို့ နေထိုင်သူတစ်ဦးတည်းမောင်းနှင်လာလိုက်ပါသည့် မော်တော်ယာဉ်အမှတ် YGN-2H/----  ၊ မစ်ဆူဘီရှီအာရ်ဗွီအာရ် အမျိုးအစားမီးခိုးရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲရှေ့ မှ လားရာတူအတိုင်းယာဉ်မောင်း ကိုဝင်းနိုင် ၄၁နှစ်  မုံရွာမြို့  နေထိုင်သူမောင်းနှင်နေသည့်  နယူးငွေစန္ဒာ  နေပြည်တော်-မုံရွာခရီးသည်တင်မှန်လုံယာဉ်ငယ်
ယာဉ်အမှတ် SSG-8J/----အား ၀င်တိုက်မိသဖြင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသူ ၁၇ ဦးအနက် မမြသက်ဝေလင်း ၂၃ နှစ်
ကျန်းမာရေးကြီးကြပ် -၂  ဘုတလင်မြို့ နယ် ဆေးရုံဝန်းနေထိုင်သူမှာ    သေဆုံးခဲ့ပြီးအမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူများကိုသီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ရဲအုပ် ဇော်လှိုင်မြင့် ၊ တာဝန်မှူး ရဲအုပ်မြင့်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်ဌာနမှ ဒုမီးသတ်ဦးစီးမှူး သူရလင်းနှင့်တပ်ဖွဲ့ဝင်များ၊ EMS မှ အဖွဲ့ဝင်များ ၊ အမြန်လမ်းမကြီးအရေးပေါ်ရှေးဦးပြုစုခြင်းစခန်း (သီးကုန်း ) မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များကသွားရောက်ဝိုင်းဝန်းကူညီခဲ့ပြီးကျန်းမာရေးစောင့်ရှောက်မှုပေးကာမိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ပြင်ပလူနာဌာနသို့ 
ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့သည်။

 ယာဉ်တိုက်မှုနှင့်ပတ်သက်၍  အနောက်မှ အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိသည့် ယာဉ်မောင်းမျိုးမြင့်ဦးအား အမြန်လမ်းမကြီး ( သီးကုန်း ) ရဲစခန်း က အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။ချမ်းသာ ( မိတ္ထီလာ)မြန်​မာ့အလင်း

No comments:

Post a Comment