Latest News

Tuesday, February 13, 2018

မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကားမှာ စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတဲ့ ခါရာ

မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကားမှာ စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတဲ့ ခါရာ

Bonanza Production  နဲ့  Shutter Production  တို့ ပူးပေါင်းထုတ်လုပ်ပြီး   ဒါရိုက်တာ ဥာဏ်ထင်ရိုက်ကူးထားတဲ့ Dimensions  - မျက်နှာပြင်များ  ရုပ်ရှင်ဇာတ်ကားမှာ မော်ဒယ် သရုပ်ဆောင် ခါရာက မတူညီတဲ့စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

''ဒီဇာတ်ကားအတွက် ကျွန်တော် အများကြီးကြိုးစားထားပါတယ်၊ အက်ရှင်ကား ဖြစ်တဲ့အတွက် ပရိသတ်တွေက ဘယ်လိုတုံ့ပြန်မှုပေးမလဲဆိုတာ ရင်ခုန်မိပါတယ်၊ ဒီဇာတ်ကား အတွက် êကြိုတင်ပြင်ဆင်ချိန်တွေလည်း ယူခဲ့တယ်၊ ကျွန်တော်လုပ်ရတဲ့နေရာက ဇာတ်ကောင် တစ်ခုတည်းမှာ စိတ်နှစ်မျိုးဖြစ်နေတယ်၊ တစ်ခုနဲ့တစ်ခုကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်၊ စိတ်ဓာတ်ကျတဲ့တစ်ယောက်နဲ့  ခပ်ကြမ်းကြမ်းတစ်ယောက်နဲ့ သေချာလေးပြင်ဆင်ထား ခဲ့ပါတယ်၊ အဲဒီဇာတ်ကောင်အတွက် ကျွန်တော် သုံးလလောက် ပြင်ဆင်ခဲ့ရပါတယ်'' လို့ သူပါဝင်သရုပ်ဆောင်ထားတဲ့  ဇာတ်ရုပ်အနေအထားနဲ့ပတ်သက်ပြီး ခါရာက ပြောပါတယ်။

ထိတ်လန့်ကြောက်ရွံ့ဖွယ် တိုက်ခိုက်ရေးရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားမှာ ခါရာနဲ့အတူ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်နဲ့    ရဲမွန်တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး    ယခုလ ၉ ရက်မှစကာ Mega Ace Cineplex နဲ့ JCGV  အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။
ဌေးမမ(​ကြေးမှုံ)

No comments:

Post a Comment