Latest News

Tuesday, February 13, 2018

ပင်းတယမြို့၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယမြို့၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနား  ကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း    ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ    ပင်းတယမြို့ ကန်ထောင့်ကျောင်း ဘုရားကျောင်းတိုက်အနီး၌ (၁ဝ၃) နှစ်မြောက် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပြုလုပ်ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အုတ်ခုံ၏ အမြင့်ပေမှာ ၁၁ ပေရှိပြီး ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကျောက်စာများ ရေးထိုးတပ်ဆင်ထားကာ အမြင့်ပေ ခြောက်ပေရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမှာ မတ်တတ်ရပ်လျက်  စာအုပ် ဖတ်နေသည့် ပုံစံဖြစ်ကြောင်း သိရသည်။ ခင်မျိုးနွယ်(ပင်းတယ)​ကြေးမှုံ

No comments:

Post a Comment