Latest News

Tuesday, February 13, 2018

ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အတွက် စိုးရိမ်နေတဲ့ ပိုးမီ

ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အတွက် စိုးရိမ်နေတဲ့ ပိုးမီ

Myanmar Idol အဆိုပြိုင်ပွဲမှတစ်ဆင့်  ပရိသတ်အားပေးမှုရရှိခဲ့တဲ့  တေးသံရှင် ပိုးမီက လတ်တလောမှာတော့ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေပြီး အဲဒီအယ်လ်ဘမ်အတွက် စိုးရိမ်စိတ်လည်းဖြစ်နေရတယ်လို့ ပြောပါတယ်။

''လတ်တလောကတော့ ပိုးမီရဲ့တစ်ကိုယ်တော်စီးရီးကို အဆုံးသတ်နေပါတယ်၊ စီးရီး ခေါင်းစဉ်လေးကို 'နောက်ထပ် တစ်ယောက်မရှိ' လို့ပေးထားပါတယ်၊ ခေါင်းစဉ်ကြားလိုက်ရင် ဘာသီချင်းလဲထင်စရာရှိတယ်၊ အဲဒီသီချင်းက မိဘမေတ္တာကိုဖွဲ့ထားတဲ့ သီချင်းလေးပါ၊  အမေအတွက် ခံစားပြီး ရေးဖွဲ့ထားတဲ့သီချင်းလေးပါ၊ ဒီစီးရီးထဲမှာပါတဲ့ သီချင်းတွေက အဆွေးသီချင်းပိုများတယ်၊ ခွန်အားပေးတဲ့ပုံစံလေးတွေလည်း ပါတယ်၊ သီချင်းအမျိုးအစား တွေကတော့ ပိုးမီကြိုက်တဲ့ စလိုးရောခ့်လေးတွေလည်းပါတယ်၊ ဂျပ်ဇ်ပုံစံ၊ ကန်းထရီးပုံစံ၊ ပေါ့ပ်ပုံစံလေးတွေလည်း ပါပါတယ်၊  ဒီခွေအတွက်  ပိုးမီ  အရမ်းကိုမျှော်လင့်ထားပါတယ်၊ ပိုးမီလို့ ဖြစ်လာပြီးတဲ့နောက်မှာ ပထမဆုံး စိုက်ထူနိုင်မယ့် မှတ်တိုင်လည်းဖြစ်တဲ့အတွက် အများကြီးအားထည့်သလို အများကြီးလည်း မျှော်လင့်ထားပါတယ်၊ ခံစားချက်ကတော့ နှစ်ခုဖြစ်နေတယ်၊ မျှော်လင့်ချက်အများကြီးထားသလို  စိုးရိမ်စိတ်လည်းရှိပါတယ်'' လို့ ပိုးမီက ပြောပါတယ်။

တေးရေး မေသော်နဲ့ တေးသံရှင် ပိုးမီ ကိုယ်တိုင်ရေးသားထားတဲ့ ဒီတေးအယ်လ်ဘမ် မှာ သီချင်းစုစုပေါင်း ၁ဝ ပုဒ် ပါဝင်ပြီး  လာမယ့် မတ်လ လဆန်းပိုင်းလောက်ထွက်ရှိဖို့ ပြင်ဆင်နေသလို အယ်လ်ဘမ်တစ်ခုလုံးရဲ့ကုန်ကျစရိတ်ကိုတော့  ခေတ်ဆန်းယဉ် ပိုးထည် တိုက်မှ  တာဝန်ယူစီစဉ်ပေးထားတယ်လို့ သိရပါတယ်။
ဌေးမမ(​ကြေးမှုံ)

No comments:

Post a Comment