Latest News

Sunday, February 18, 2018

ရှမ်းမြောက်ဒေသထွက် ကြက်သွန်ဖြူကို ထိုင်းနိုင်ငံကဈေးကောင်းပေးဝယ်နေ

ရှမ်းမြောက်ဒေသထွက် ကြက်သွန်ဖြူကို ထိုင်းနိုင်ငံကဈေးကောင်းပေးဝယ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် မိုင်း ပန်၊ လဲချားမှ ထွက်ရှိသော ခရမ်းစွဲကြက်သွန်ဖြူမှာ အရည်အသွေးကောင်းမွန်၍ ထိုင်းနိုင်ငံက ကြိုက် ဈေးပေးဝယ်နေခြင်းကြောင့် ဈေးနှုန်းမြင့်တက် နေကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသူများအစု အဖွဲ့မှ သိရသည်။

''ထိုင်းနိုင်ငံက ဝယ်ရင်တော့ ထူး-၁၊ ထူး-၂ ကို အဝယ်များတယ်၊ ဈေးနှုန်းက ကျပ် ၃ဝဝဝ-၃၅ဝဝ ခန့်ရှိပါတယ်၊ တရုတ်ကြက်သွန်ဖြူထက်  အရသာ ကတော့ ရှမ်းကြက်သွန်ဖြူက ပိုမို ကောင်းမွန်ပါ တယ်၊ ထူး-၃  နဲ့ ထူး-၄ တို့ကို  မျိုးအဖြစ် သုံးစွဲ ကြပါတယ်၊ ကျောင်းဖွင့်ချိန်မှာ ဈေးကျလေ့ ရှိပါ တယ်၊ တာချီလိတ်အထိသာ အရောင်း အဝယ် ဖြစ်ပါတယ်၊ အရင်က မုံရွာလမ်းက အိန္ဒိယကို ပို့ တာ အခုတော့  မပို့နိုင်တော့ဘူး''ဟု  ကြက်သွန်ဖြူ အစုအဖွဲ့မှလုပ်ငန်းရှင် ဦးသန်းမောင်က ပြောသည်။

 ရှမ်းပြည်နယ်တောင်ပိုင်းတွင်   ကြက်သွန် ဖြူစိုက်ဧက ၃ဝဝဝဝ နီးပါး စိုက်ပျိုးကြပြီး တန်ချိန် ၉ဝဝဝဝ ကျော် ပိုလျှံကြောင်း၊  ကြက်သွန်ဖြူ  အဓိက စိုက်ပျိုးသည့် မြို့နယ်များမှာတောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်တို့ဖြစ်ကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ်စီ စိုက်ပျိုးကြကြောင်း သိရသည်။

''အထွက်နှုန်းအနေနဲ့မျိုးထည့်သွင်းတဲ့ ပိဿာ ချိန်အပေါ်  အခြေခံပြီး  တွက်ချက်ကြပါတယ်၊ ကြက်သွန်ဖြူ ပိဿာ ၁ဝဝ စိုက်ရင် ခုနစ်ဆ၊ ရှစ်ဆ ခန့် ထွက်ရှိပြီး လွန်ခဲ့တဲ့ငါးနှစ်ခန့်က ပိဿာချိန် ၁ဝဝဝ(၁ဝဆ)အထိ ထွက်ရှိခဲ့ဖူးပါတယ်၊ တောင် သူတစ်ဦးနဲ့ တစ်ဦးလည်း ထွက်ရှိမှုနှုန်းထားများ မတူညီကြသလို စိုက်ပျိုးတဲ့မြေ၊ ရာသီဥတု၊ သွင်း အားစုထည့်သွင်းမှုတို့အပေါ် မူတည်ပြီး အထွက် နှုန်းကွာခြားပါတယ်၊ ဒီဒေသထွက်တွေကို ထိုင်း ဘက်ကို အများဆုံးပို့တယ်၊ လဲချားကြက်သွန်ဖြူနဲ့ ပင်လောင်းကြက်သွန်ဖြူယှဉ်ရင် ဈေးကွက်မှာ လဲချားနဲ့ မိုင်ပန်ကြက်သွန်ဖြူက ဈေးနှုန်း ပိုမိုရရှိ ပါတယ်၊ မိုင်းပန်နဲ့ လဲချားကြက်သွန်ဖြူဟာ အမြီး တိုပြီး၊ အရွယ်အစားကွာဟမှုနည်းပါးလို့ ဖြစ်ပါ တယ်''ဟု မိုင်းပန်မြို့နယ်မှ ကြက်သွန်ဖြူစိုက် တောင်သူ ဦးမြတ်ဇော်က ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ ဈေး နှုန်းများမှာ  မျိုးခြား ကျပ် ၁၉ဝဝ၊ ထူး-၁ ကျပ် ၂ဝဝဝ၊ ထူး-၂ ကျပ် ၂၂ဝဝ၊ ထူး-၃ ကျပ် ၂၅ဝဝ၊ ထူး-၄ ကျပ် ၂၈ဝဝ၊ ထူး-၅ ကျပ် ၃ဝဝဝ တို့ဖြစ် ကြောင်း၊  ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူများကို ရန်ကုန်ပွဲရုံများသို့လည်း တင်ပို့ကြောင်း၊ တာချီ လိတ်မှတစ်ဆင့်လည်း  ဟိုင်းလပ်ကားများဖြင့် ထိုင်းနိုင်ငံသို့   စီးပွားရေးအဖွဲ့အစည်းများက  တင်ပို့ရောင်းချနေကြောင်း သိရသည်။ဇာလင်းသူ(AMIA)

No comments:

Post a Comment