Latest News

Sunday, February 18, 2018

အလွန်ရှားပါးငှက်မျိုးစိတ်များ မိုးယွန်းကြီးအင်း ဘေးမဲ့တောအတွင်း ထပ်မံတွေ့ရှိ

အလွန်ရှားပါးငှက်မျိုးစိတ်များ မိုးယွန်းကြီးအင်း ဘေးမဲ့တောအတွင်း ထပ်မံတွေ့ရှိ


ပဲခူး  ဖေဖော်ဝါရီ  ၁၈

ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့နယ်နှင့်  ဝေါ မြို့နယ်တို့ အတွင်းရှိ   မိုးယွန်းကြီးအင်း တောရိုင်းတိရ္ဆာန်ဘေးမဲ့တောအတွင်း သို့ ယခုနှစ်၌ လာရောက်ကျက်စားသည့်  ငှက်မျိုးစိတ်များကို စာရင်းကောက်ယူ ခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ပြီးခဲ့သည့်  ဇန်နဝါရီလလယ်၌      ၂ဝဝ၈    ခုနှစ် နောက်ပိုင်းကာလတွင် တွေ့ရှိမှတ်တမ်း တင်နိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် အလွန်ရှားပါးသော ငှက်မျိုးစိတ်တစ်မျိုး ဖြစ်သည့်    မောက်တင်ငှက်မျိုးစိတ် (COMB DUCK) စုစုပေါင်း ခြောက်ကောင်နှင့် က္ဘာ့ရှားပါးငှက်မျိုး စိတ်တစ်မျိုးဖြစ်သော   ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ် (SARUS CRANE)      စုစုပေါင်း သုံးကောင်ကို ပြန်လည်တွေ့ရှိ    မှတ်တမ်းတင်နိုင်ခဲ့ကြောင်း  သစ်တော ဦးစီးဌာန    သဘာဝပတ်ဝန်းကျင်နှင့်   သားငှက်တိရ္ဆာန်ထိန်းသိမ်းရေးဌာန   မိုးယွန်းကြီးအင်း  တောရိုင်းတိရ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။

''မောက်တင်ငှက်ဟာ ဒီအင်းထဲမှာ  မှတ်တမ်းအရ   ၂ဝဝ၈   ခုနှစ်အထိ ကျရောက်ကျက်စားခဲ့တယ်၊      အဲ့ဒီ နောက်ပိုင်း  မတွေ့ရတော့ဘူး၊   ဒီနှစ် ပြီးခဲ့တဲ့  ဇန်နဝါရီလလယ်မှာ  ပြန်လည် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာ၊ ဒီမိုးယွန်း ကြီးအင်းမှာ  ဌာနေရေပျော်ငှက်တွေ  ကုန်းတွင်းပိုင်းငှက်များနဲ့  ဆောင်းခိုငှက် မျိုးစိတ်တွေဟာ  တစ်နှစ်ထက်တစ်နှစ် လာရောက်ကျက်စားတာ များလာတယ်၊   ဒီလို  ကျက်စားတာကလည်း  အင်းရဲ့     စားကျက်အနေအထား  ကောင်းမွန် တာရယ်၊  ငှက်တွေ  အနှောင့်အယှက် ကင်းရှင်းတာရယ်ကြောင့် ဖြစ်တယ်၊ ဒီလို မျိုးစိတ်တွေကို  အများအပြားတွေ့ရတဲ့ အတွက် ငှက်တွေအတွက် မိုးယွန်းကြီး အင်းက   ဟင်းအိုးကြီးဖြစ်တယ်''  ဟု  မိုးယွန်းကြီးအင်း    တောရိုင်းတိရ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ  တောအုပ် ဦးစိုင်းဝ္ဏကြည်က ပြောပြသည်။
သိပံ္ပအမည်   (Sarkidiornis   melanotos) ဟုခေါ်သော မောက်တင် ငှက်မျိုးစိတ်သည် က္ဘာပေါ်တွင် မျိုးသုဉ်း ရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော  မျိုးစိတ်အဆင့်သို့ ရောက်နိုင်ဖွယ်ဖြစ်ပေါ် နေကြောင်း၊  မြန်မာနိုင်ငံတွင်   အလွန် ရှားပါးသော  ငှက်မျိုးစိတ်တစ်မျိုးဖြစ် ကြောင်းWCS (Wildlife Con-servation Society) မှ ဦးသက်ဇော်နိုင် ၏         ပြောပြချက်အရ        သိရသည်။ နောက်ထပ် ရှားပါးငှက်မျိုးစိတ်တစ်မျိုး မှာ    ကြိုးကြာခေါင်းနီငှက်မျိုးစိတ်ပင် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ကြိုးကြာငှက် မျိုးစိတ်များစွာရှိသည့်အနက်  မြန်မာ နိုင်ငံရှိ  ကြိုးကြာခေါင်းနီငှက်မျိုးစိတ် သည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော  ငှက်မျိုးစိတ်ဖြစ်နေပြီး မြန်မာနိုင်ငံတွင် လည်း အလွန်ရှားပါးလာသော မျိုးစိတ် ဖြစ်နေကြောင်း သိရသည်။  ဧရာဝတီတိုင်း ဒေသကြီးတွင်  အကောင်ရေ   ၅ဝဝ ခန့်လောက်သာ    ကျန်တော့မည်ဟု   ခန့်မှန်းရပြီး အချိန်မီ ထိန်းသိမ်းကာကွယ် ခြင်းမပြုပါက   မျိုးသုဉ်းပျောက်ကွယ် သွားနိုင်သော    မျိုးစိတ်စာရင်းထဲတွင် ပါဝင်နေကြောင်း WCS ၏ ထုတ်ပြန် ချက်တွင်   ဖော်ပြထားသည်။   အဆိုပါ ငှက်မျိုးစိတ်များကို      က္ဘာပေါ်တွင် အိန္ဒိယနိုင်ငံ၏ နေရာအချို့၊ အရှေ့တောင် အာရှနိုင်ငံများနှင့် သြစတြေးလျနိုင်ငံ တို့တွင်   တွေ့ရှိရပြီး   မြန်မာနိုင်ငံတွင်မူ  တောင်တန်းဒေသများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း  ပူပြင်းခြောက်သွေ့သော  ဒေသများမှလွဲ၍ ကျန်ဒေသများတွင်  တွေ့ရှိနိုင်ကာ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသရှိ ရေကြည်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ မြောင်းမြနှင့်      အိမ်မဲမြို့နယ်များတွင် အများဆုံးတွေ့ရှိနိုင်ကြောင်း  လေ့လာ သိရှိရသည်။

မိုးယွန်းကြီးအင်းအတွင်းသို့ နှစ်စဉ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ဆောင်းခို ငှက်များ  ဝင်ရောက်လျက်ရှိရာ  ယခုနှစ် ပြီးခဲ့သည့် ဇန်နဝါရီလကုန်အထိ ဆောင်းခို ငှက်မျိုး  ၄၄  မျိုး၊ ဌာနေငှက်  ၆၇  မျိုး  စုစုပေါင်း ငှက်မျိုးစိတ် ၁၁၁ ကောင်မှ ငှက်ကောင်ရေ ၂ဝ၈၄၄ ကောင်အထိ ကျရောက်ကျက်စားလျက်ရှိကြောင်း သိရ သည်။                   သိန်းညွန့်-ပိန်းဇလုပ်(မြန်​မာ့အလင်း)

No comments:

Post a Comment