Latest News

Sunday, February 18, 2018

တစ်ပတ်အတွင်း စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်း

တစ်ပတ်အတွင်း စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်း

ဒီတစ်ပတ်မှာ       အရောင်းအဝယ်ကောင်းတဲ့ အတွက် ဆန်ချောရော ဆန်ကြမ်းပါ ဈေးတက် လာခဲ့ပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဈေး တက်နေတာ နှစ်ပတ်ဆက်တိုက်ရှိနေပါပြီ။

ဆန်
ပြီးခဲ့တဲ့အပတ်က ပုသိမ်ဈေးကွက်မှာ ဆန် ကြမ်းရော ဆန်ချောပါ ဈေးတွေ တက်လာခဲ့ပေ မယ့် ဒီတစ်ပတ်မှာတော့ ပုသိမ်ဈေးကွက်မှာ ဈေးငြိမ်နေပါတယ်။  ရန်ကုန် ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာတော့ ဆန်ပုံမှန် ဝင်နေပြီး အရောင်း အဝယ်ကောင်းတဲ့အတွက်  ဈေးတက်လာပါ တယ်။ ရွှေဘိုပေါ်ဆန်းသစ်က တစ်အိတ်မှာ ကျပ် ၆ဝဝဝ အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီး အနိမ့်ဆုံး ဈေးက  တစ်အိတ်ကို  ကျပ် ၅ဝဝဝဝ  ကနေ ၅၂ဝဝဝ အထိ ပေါက်ဈေးရှိပါတယ်။ ပေါ်ဆန်းမွှေး သစ်ကတော့ တစ်အိတ်မှာ ကျပ် ၂ဝဝဝ လောက် ဈေးတက်သွားပြီး တစ်အိတ်ကို ၃၁ဝဝဝ ကနေ ၃၄ဝဝဝ အထိ ပေါက်ဈေးရှိပါတယ်။
ဆန်ကြမ်းအမျိုးအစားတွေ ဖြစ်တဲ့ မြီးတုံး၊ နွေ သီးထပ်ဆန်၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း၊ ကြမ်း သစ်ရှယ်နဲ့ရက် ၉ဝ သစ်ရှယ်တို့ကလည်း တစ် အိတ်ကို ကျပ် ၂ဝ၅ဝဝ ကနေ ၃၄ဝဝဝ  အထိ ပေါက်ဈေးရှိနေပြီး တစ်အိတ်မှာ အနိမ့်ဆုံး ကျပ် ၅ဝဝ ကနေ အမြင့်ဆုံး ကျပ် ၂ဝဝဝ အထိ ဈေး တက်လာပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ဧရာဝတီပေါ်ဆန်း စပါးက တင်း ၁ဝဝ ကို ကျပ် ၈၇၆ဝဝဝ ကျော်၊ ပေါ်ဆန်းရင်က ၇၈၈ဝဝဝ ကျော်၊ ဖျာပုံပေါ်ဆန်း က ၈၁၃ဝဝဝ ကျော်၊ မနောသုခက ၅၃၃ဝဝဝ ကျော်၊  မီးကောက်က ၅၉၈ဝဝဝ နဲ့ သီးထပ်ရင်က ၅၈ဝဝဝဝ နီးပါးရှိပြီး ပြီးခဲ့တဲ့ အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)
ပြီးခဲ့တဲ့အပတ်က အတက်အကျအနည်းငယ် ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးတက် လာခဲ့ပါတယ်။  လက်ရှိမှာ  အဟောင်းထက် အသစ်တွေက အမြင့်ဈေးရရှိနေပါတယ်။ တောင် သူတွေလက်ထဲမှာတော့ မတ်ပဲအဟောင်းရော အသစ်ပါ မရှိတော့တဲ့ အနေအထားလည်း ဖြစ် နေပါတယ်။

ရန်ကုန်ဝယ်လက်တွေက    အဝယ်များတဲ့ အတွက်    နယ်ကုန်စည်ဒိုင်အချို့မှာလည်း အတက်ဈေးနဲ့  ရှိနေပါတယ်။  အိန္ဒိယနိုင်ငံမှာ တော့ မြန်မာမတ်ပဲ FAQ ရောင်းဈေးက ၄၆၅ ဒေါ်လာရှိပြီး ပြီးခဲ့တဲ့အပတ်ထက် ဒေါ်လာ ၁၅ဝ လောက် ဈေးတက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာမတ်ပဲဈေးကွက်အတွင်း ဈေးနှုန်းနည်း နေတဲ့အတွက် အိန္ဒိယကုန်သည်တွေက မြန်မာ မတ်ပဲကိုသာ အဝယ်လိုက်နေကြပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲတစ်တန်ကို ကျပ် ၅၆ဝဝဝဝ ရှိပြီး တစ်တန်မှာ ကျပ် ၁၅ဝဝဝ လောက် ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက် မှာတော့ တစ်တင်းကို ကျပ် ၁၇၂ဝဝ ရှိပြီး တစ် တင်းမှာ ကျပ် ၂ဝဝ ဈေးတက်လာပါတယ်။ ပြည် ဈေးကွက်မှာတော့ တစ်တင်းကို ကျပ် ၁၈၃ဝဝ နဲ့ ဈေးအပြောင်းအလဲမရှိပေမယ့် နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၁၅၃ဝဝ ရှိပြီး ကျပ် ၇ဝဝ လောက် ဈေးကျဆင်းသွားခဲ့ပါ တယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့   ဒီတစ်ပတ်နဲ့ဆို   ဈေး တက်လာတာ   သုံးပတ်မြောက်   ရှိလာပါပြီ။ ပြည်တွင်းထက်    ပြည်ပက    အဝယ်လိုက်တဲ့ အတွက်ကြောင့် ဈေးတက်လာတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ပဲစင်းငုံနီတွေကို  လက်ရှိ အချိန် အထိ ဝယ်ယူပေးနေတဲ့အတွက် ပဲစင်းငုံကတော့ လက်ရှိပေါက်ဈေးထက် ထပ်ပြီးကျဆင်းနိုင်ဖွယ် နည်းတယ်လို့ Agriwatchက သုံးသပ်ပေးထား ပါတယ်။ အိန္ဒိယမှာ မြန်မာပဲစင်းငုံပေါက်ဈေးက ပြီးခဲ့တဲ့အပတ်နဲ့  ဈေးကွာခြားမှု  မရှိပေမယ့် အိန္ဒိယပေါက်ဈေးထက်   လျော့နည်းနေလို့ အဝယ်တွေကတော့ များနေဆဲအခြေအနေမှာ ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံပေါက်ဈေး က တစ်တန်ကို ကျပ် ၄၇ဝဝဝဝ အထိ အမြင့် ဆုံးဈေး ရရှိနေပြီး တစ်ပတ်အတွင်း တစ်တန်မှာ ကျပ် ၃ဝဝဝဝ နီးပါး ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတာ့   တစ်တင်းကို   ကျပ် ၁၄ဝဝဝ ရှိပြီး တစ်တင်းမှာ ကျပ် ၅ဝဝ ဈေးတက် လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ် တင်းကို ကျပ် ၁၄ဝဝဝ ပေါက်ဈေးရှိပြီး တစ်တင်း မှာ ကျပ် ၁၃ဝဝ ဈေးတက်လာပါတယ်။ ကျန် ကုန်စည်ဒိုင်တွေမှာတော့ တစ်တန်ကို ကျပ် ၁၂၅ဝဝ ကျော်ရှိပြီး ဈေးအပြောင်းအလဲ မရှိပါ ဘူး။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိမှာ ဈေးကျဆင်း နေတာ နှစ်ပတ်ဆက်တိုက်ရှိနေပါတယ်။ အဝင် ကလည်း ပုံမှန်ရှိပြီး  အရောင်းအဝယ်ကလည်း ပုံမှန်အနေအထားမှာ ရှိနေပေမယ့် ဈေးကျဆင်း နေခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့  ပဲတီစိမ်းခွဲခြမ်းတွေ အဝယ်များလာပြီး ပြီးခဲ့တဲ့အပတ်ထက်လည်း မြန်မာပဲတီစိမ်းတွေ  ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယဆိပ်ကမ်းအရောက် ပဲတီစိမ်းက ဒေါ်လာ ၇ဝဝ ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်ထက် ဒေါ်လာ ၁ဝဝ လောက် ဈေးတက်လာခဲ့ပါတယ်။ ပြည်ပမှာ အတက်ဈေးနဲ့ရှိနေပေမယ့် ပြည်တွင်း ဈေးကွက်မှာတော့ အကျဈေးနဲ့ ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပခုက္ကူ၊ ပဲခူး၊ ခရမ်းရွှေဝါ)တို့က တစ်ပိဿာကို ကျပ် ၁၂ဝဝ ကနေ ၁၇ဝဝ  ပတ်လည်  ဈေးရရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၂၁ဝဝဝ ကနေ ၂၁၇၅ဝ ရှိပြီး တစ်တင်းမှာ ကျပ် ၂၅ဝ လောက် ကျဆင်းသွားပါတယ်။ ပြည်၊ မြင်းခြံနဲ့ နေပြည်တော် ကုန်စည်ဒိုင်တို့မှာတော့ ကျပ် ၂၄ဝဝဝ နဲ့ ဈေးအပြောင်းအလဲ မရှိပါဘူး။

ကုလားပဲ
ကုလားပဲကတော့ ပြီးခဲ့တဲ့အပတ်ကလည်း ဈေးကျဆင်းခဲ့ပြီး  ဒီတစ်ပတ်မှာလည်း  ဈေး ကျဆင်းနေဆဲ အခြေအနေပါ။ ကုလားပဲ အသစ် တွေလည်း ဝင်နေတဲ့အတွက် အရောင်းအဝယ် ကတော့ ရက်ခြားသာ ရှိနေခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံကလည်း ထပ်ပြီး ပြည်ပသွင်းကုန်ခွန်ကို ၄ဝ ရာခိုင်နှုန်း ထပ်တိုးလိုက်တဲ့အတွက် အကျဈေးက လည်း ပြန်ပြီးဆွဲမထူနိုင်လောက်အောင် ဖြစ်နေ ပါတယ်။ ဈေးက ထပ်ပြီးလည်း ကျဆင်းနိုင်တယ် လို့  အိန္ဒိယကုန်သည်တွေက  သုံးသပ်ထားပါ တယ်။

ပြီးခဲ့တဲ့အပတ်က မုံရွာကုန်စည်ဒိုင်မှာ ဈေး တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မုံရွာကုန်စည် ဒိုင်မှာ ကုလားပဲလုံးဝါက ကျပ် ၁ဝဝဝ ခန့် ဈေး ကျဆင်းသွားခဲ့သလို ကုလားပဲလုံးဖြူကလည်း ကျပ် ၁ဝဝဝ လောက် ဈေးကျသွားပါတယ်။ ပြည် ကုန်စည်ဒိုင်မှာတော့ ပဲလုံးဝါ တစ်တင်းကို ကျပ် ၂၉ဝဝဝ ရှိပြီး ကျပ် ၅ဝဝ လောက် ဈေးကျဆင်း သွားပါတယ်။

စားအုန်းဆီ
အကျဈေးနဲ့ရှိနေတဲ့ စားအုန်းဆီက ဒီ တစ် ပတ်မှာတော့  မုံရွာကုန်စည်ဒိုင်မှာ  ဈေးတက် လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ပိဿာ ကို ငါးကျပ်နှုန်းလောက် ဈေးတက်ခဲ့ပြီး တစ် ပိဿာကို ကျပ်  ၁၇ဝဝ ရှိပါတယ်။ မ္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာလည်း တစ်ပိဿာ ကို ကျပ် ၁၇ဝဝ လောက်ရှိပြီး တစ်ပိဿာမှာ ကျပ် ၂ဝ ခန့် ဈေးတက်လာခဲ့ပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာ ၁၇၃၅ ကျပ်၊ နေပြည်တော် ကုန် စည်ဒိုင်မှာ ၁၈ဝဝ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၇၃ဝ ကျပ်နဲ့ ပြည်ကုန်စည်ဒိုင်မှာတော့ ၁၆၆ဝ ရှိပြီး တစ်ပိဿာမှာ ၁ဝ ကျပ်လောက် ဈေးကျ ဆင်းသွားခဲ့ပါတယ်။ ဝတ်ရည်မွန်(AMIA)

No comments:

Post a Comment