Latest News

Saturday, February 24, 2018

အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြု

အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြု


ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲတွင် အောင်လအန်ဆန်သည်​ ပထမအချီ (၅၆) စက္ကန့်မှာပင်​ အလဲထိုးဖြင့်​ အနိုင်​ရရှိပြီး ၀ိတ်​တန်းနှစ်ခု၏ ချန်ပီယံဖြစ်လာသည်​။

မြန်မာ့စပါးအုန်းမြွေ ဟုတင်စားခံရသည့် အောင်လအန်ဆန်၏ ​ခြေကန်​ချက်​ဖြင့်​ ပြိုင်ဘက် ဘရာဇီးနိုင်ငံသား မာချာဒိုကို အနိုင်​ရရှိပြီး လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံရရှိခဲ့ခြင်းဖြစ်သည်​။

ယခုဆိုလျှင် အောင်လအန်ဆန်သည်​ One Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ဝိတ်တန်း ၂ ခုတွင် ချန်ပီယံဖြစ်သွား​သော ​အောင်​လအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် ဘရားဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ပထမအချီအတွင်း အနိုင်ရခဲ့သည့် ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့်  အောင်လအန်ဆန် အား ဂုဏ်ပြုစာလွှာပေးအပ်​​ကြောင်း တပ်​မ​တော်​သတင်းပြန်​ကြား​ရေးအဖွဲ့မှ သတင်းထုတ်​ပြန်​ထားသည်​။

Photo - ONE CHAMPIONSHIP

No comments:

Post a Comment