Latest News

Saturday, February 24, 2018

ပုသိမ် - မော်တင် ကားလမ်းတွင်ဘုရားဖူးကားတစ်စီးဘရိတ်ပေါက်ရာက လမ်းဘေးသို့ထိုးကျတိမ်းမှောက်

ပုသိမ် - မော်တင် ကားလမ်းတွင်ဘုရားဖူးကားတစ်စီးဘရိတ်ပေါက်ရာက လမ်းဘေးသို့ထိုးကျတိမ်းမှောက်

ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၄

မြောင်းမြမြို့မှမော်တင်စွန်းဘုရားပွဲသို့ဘုရားဖူးရန်ထွက်ခွာလာသောမြင့်မြန်မာအမည်ရှိ လေအိတ်ကားတစ်စီးသည် ဖဖော်ဝါရီ ၂၄ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စုအနီးပုသိမ်-မော်တင်ကားလမ်း(မိုင်တိုင်အမှတ် ၇၈/၄နှင့်၇၈/၅ ကြား)ပေါ်တွင်မောင်းနှင်နေစဉ်တောင်ပေါ်ကအဆင်း၌ဘရိတ်ပေါက်၍ချောက်အတွင်းထိုးမကျစေရန်တောင်ကမ်းပါးရံဘက်သို့ ထိန်းသိမ်းမောင်းနှင်ရာက တိမ်းမှောက်သွားခဲ့ကြောင်း သိရှိရသည်။ ဘုရားဖူး ကားအားမောင်း နှင်လာသူမှာ ယာဉ်မောင်းဦးဝင်းမောင်ဖြစ်ပြီး ခရီးသည် ၅၀ဦးလိုက်ပါလာခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ကားစပယ်ယာ ကိုမျိုးဇော်၊ ခရီးသည် ဒေါ်လှ
လှသိန်း(မြောင်းမြမြို့၊မြေတံတားကြီးကျေးရွာ၊ မခင်သန်းကျင်(ပုသိမ်မြို့၊ကင်မလင်းကျွန်း၊စံပြရပ်ကွက်)နေသူသုံးဦး မစိုးရိမ်ရပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ကျောက်ချောင်း
တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသ ပေးလျက်ရှိကြောင်သိရသည်။

လမ်းပေါ်တွင်တိမ်းမှောက်နေသာကားကြောင့်လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေပြီး ယာဉ်ထိမ်းရဲတပ်ဖွဲ့နှင့်နယ်မြေခံရဲတပ်ဖွဲ့တို့ကအခြားယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဘုရားဖူးယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဦးဝင်းမောင်ကို ကျုံကူးနယ်မြေရဲစခန်းက အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment