Latest News

Tuesday, February 13, 2018

ဇီဒန်းကိုမမေ့သေးတဲ့ မာတာရာဇီ

ဇီဒန်းကိုမမေ့သေးတဲ့ မာတာရာဇီ

လက်ရှိ ရီးယဲလ်နည်းပြ ဇီဒန်းဟာ  ၁၉၉၈ ကမ္ဘာ့ဖလားမှာ  ပြင်သစ်အသင်းကို ချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့စေသူဖြစ်သလို နောက်
ရှစ်နှစ်အကြာမှာ နိုင်ငံလက်ရွေးစင်အသင်း ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နောက်တစ်ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အီတလီနောက်ခံလူ မာတာရာဇီကို ခေါင်းနဲ့ ဆောင့်တိုက်ခဲ့တာကြောင့် တိုက်ရိုက် အနီ ကတ်နဲ့ ထုတ်ပယ်ခံရသူပါ။

ဒီလို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံရ တာကြောင့် ဇီဒန်းအနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့  ပထမ
ဦးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။  ဇီဒန်းဟာ ဒီပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့တာကြောင့် မာတာရာဇီနဲ့ ကွင်း
တွင်း ထိပ်တိုက်တွေ့ဆုံတာမျိုး ပရိသတ်တွေ ကြည့်ရှုခွင့်မရရှိတော့ပါဘူး။

ဇီဒန်းကတော့ မာတာရာဇီနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အပေါ် ဘာမှတ်ချက်မှ ပြောကြားလေ့မရှိပေမယ့် မာတာရာဇီကတော့ ဒီကိစ္စရပ်
အပေါ်မကြာခဏ အစဖော်လေ့ရှိတတ်တာ ကိုတွေ့ရပါတယ်။ ခုလည်း အားလုံးစိတ်ဝင် တစားဖြစ်နေတဲ့ ဇီဒန်းရဲ့ ရီးယဲလ်နည်းပြ
ဘဝအဆုံးအဖြတ်ကာလလို့ ဆိုရမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်နီးကပ်လာချိန်မှာ   မာတာရာဇီက ဇီဒန်း သူ့ကို ခေါင်းနဲ့
တိုက်တဲ့ ပုံကို မီးလုံးတွေနဲ့ အလှဆင်ဖန်တီးပြီး သူ့အင်စတာဂရမ်စာမျက်နှာထက် တင်ခဲ့တာပါ။

မာတာရာဇီဟာ ၂ဝဝ၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီက

သိပ်ပြီးထင်ရှား တဲ့ ကစားသမား မဟုတ်ပေမယ့် ဗိုလ်လုပွဲခေါင်းတိုက်မှုဖြစ်စဉ် အပြီးမှာတော့ သူ့အမည်ဟာ ကမ္ဘာတစ်ဝန်း တစ်မုဟုတ်ချင်းကျော်ကြားသွားခဲ့တာဖြစ်ပါ တယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲလို ပွဲစဉ်မျိုးမှာ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်  ပွဲစဉ်တစ်လျှောက်လုံး ခြေစွမ်းပြ ခဲ့သူလည်း ဖြစ်တဲ့အပြင် ဒီပွဲအပြီးကျရင် ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာထားတဲ့ ဇီဒန်းတစ်ယောက် ဘာလို့များ မိုက်မိုက်မဲမဲ ခေါင်းနဲ့ပြေးတိုက်ခဲ့ရသလဲဆိုတာ မီဒီယာတွေရဲ့ မီးမောင်းထိုးပေးမှုကြောင့် ပိုရုပ်လုံးကြွလာပြီး   မာတာရာ ဇီပါ အဆစ်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

အီတလီနဲ့ ပြင်သစ်တို့ ဂျာမနီမြေမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ခဲ့ရာမှာ အီတလီက ပင်နယ်တီ အဆုံး အဖြတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခွင့်ရခဲ့ပါတယ်။ မာတာရာဇီဟာ အဲဒီ
ပွဲမှာ ဇီဒန်းသွင်းယူခဲ့တဲ့ ပင်နယ် တီဂိုးကို ပြန်လည်ချေပ သွင်း
ယူနိုင်ခဲ့တဲ့အပြင်  အီတလီကို ချန်ပီယံဖြစ်စေမယ့်   ငါးလုံး
မြောက် ပင်နယ်တီကို သွင်းယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဇီဒန်း
ကို ကွင်းထဲက ထွက်ခွာသွား အောင်  စွမ်းဆောင်နိုင်ခဲ့တဲ့
အဓိကဇာတ်ကောင်လည်း   ဖြစ်နေပြန်ပါတယ်။

ဇီဒန်းကတော့ သူ့အနေနဲ့ ကလေးတွေ၊ လူငယ်လေးတွေ အတုယူမှားမှာကို မလိုလားတာကြောင့်  တောင်းပန်ပါကြောင်း ဆိုခဲ့ပေ
မယ့် နှစ်အတော်ကြာ ဒီကိစ္စရပ်အပေါ် ရေငုံနှုတ်ပိတ်နေခဲ့တာပါ။ မာတာရာဇီက သူနဲ့ ဇီဒန်းဘယ်လိုကစ ပြဿနာဖြစ်ခဲ့သလဲဆို
တာ မီဒီယာအချို့ကို ဖွင့်ချရင်း ငွေကြေး အကျိုးအမြတ်ပါ ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ ပါတယ်။

မာတာရာဇီက ''ကျွန်တော်က သူ့ဂျာစီကို လက်နဲ့ သွားဆွဲမိတော့ သူက ဂျာစီကို ခဏခဏ လာမဆွဲနဲ့၊ လိုချင်ရင် ပွဲအပြီးကျရင် လဲ
ပေးမယ်လို့ဆိုတာကြောင့် ကျွန်တော်က မင်းရဲ့ ဂျာစီကို ငါက ဘာလုပ်ရမလဲ၊ အဲဒီအစား မင်းညီမကို လွှတ်လိုက်တာကမှ ပိုအဆင်ပြေဦးမယ်လို့ ပြန်ပြောခဲ့တယ်''လို့ အဲဒီတုန်းက အခြေအနေကို ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

မာတာရာဇီဟာ အဲဒီနောက်ပိုင်းနှစ်တွေ မှာ  မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့သလို စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး နာမည်ဆိုး ထွက်လာခဲ့တဲ့အတွက် ကစားသမားဘဝကို မအောင်မမြင်နဲ့ နှုတ်ဆက်ခဲ့ရပေမယ့် ဇီဒန်းနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာကို ဂုဏ်တစ်ရပ်လို သဘောထားပြီး အခွင့်အရေးရတိုင်း ပြန်လည်ဖော်ထုတ်နေတတ်တာဟာ ၁ဝ စုနှစ်တစ်ခု
ကျော်ကြာမြင့်လာတာတောင် ဆက်လက်မြင် တွေ့ နေရဆဲပါပဲ။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment