Latest News

Thursday, February 8, 2018

သမဝါယမသင်တန်းကျောင်း အမှုထမ်းများအတွက် မွမ်းမံသင်တန်း ပုသိမ်မြို့၌ဖွင့်

သမဝါယမသင်တန်းကျောင်း အမှုထမ်းများအတွက်  မွမ်းမံသင်တန်း ပုသိမ်မြို့၌ဖွင့်

ပုသိမ် ဖေဖော်ဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း အမှုထမ်းများ မွမ်းမံသင်တန်း ဖွင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက်က ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်း (ပုသိမ်)၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက သင်တန်းသားများသည် ဌာနဝန်ထမ်း များဖြစ်သည့်အတွက် ဌာန၏မူဝါဒ၊ လုပ်ငန်းစဉ်၊ ဝန်းထမ်းစည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ နည်းဥပဒေများကို သိရန်လိုကြောင်း၊ သမဝါယမလုပ်ငန်းများ အောင်မြင်တိုးတက် ရေးအတွက် ဝန်းထမ်းများအနေဖြင့် သမဝါယမအမှုဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်ရှိ ဆောင် ရွက်နေသည့် EximPlan (၈) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်ကြားပေးလိုက်သည့် ဘာသာရပ် များကို ကြိုးစားသင်ယူကြပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကာ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ပြီး ဦးဆောင်လမ်းညွှန်မှု  ကောင်းမွန်ကာ   ဆုံးဖြတ်ချက်များ   မှန်ကန်တိကျမှုရှိမှသာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လေလွင့်ဆုံးရှုံးမှုများ နည်းပါးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြား၍ သင်တန်းကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။ သင်တန်းတွင် သမဝါယမဘာသာရပ်၊ သမဝါယမအသင်းများတွင် လက်ရှိဆောင်ရွက်နေသော Action Plan (၈) ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ် ဘာသာရပ်များကို သင်ကြားမည်ဖြစ်ကာ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိဖြစ်ကြောင်း သိရသည်။               ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment