Latest News

Thursday, February 8, 2018

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင်ကို ထောင် ငါးနှစ် ချလိုက်ပြီ

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင်ကို ထောင် ငါးနှစ် ချလိုက်ပြီ

မနေ့က ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်မှ မိဘမဲ့ကလေးများ ရံပုံငွေ နဲ့ ပါတ်သက်ပြီး ယခင် ၀န်ကြီးချုပ်ဟောင်း ခါလီဒါအား အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။

ထို့အတွက် အကျင့်ပျက် ခြစားမှု ဖြင့် အကျဉ်းချခံရသော ဒုတိယမြောက် နိုင်ငံခေါင်းဆောင်တဦး ဖြစ်သွားခဲ့ပါတယ်။ အရင် အာဏာရှင် အာရှတ်ကိုလည်း အလားတူ အကျဉ်းချခဲ့ပါတယ်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက နိုင်ငံရေး တင်းမာမှုများ တိုးမြင့်လာနေသဖြင့် လူအများ အထိတ်တလန့် ဖြစ်နေစဉ်မှာ အတိုက်အခံ ပါတီ BNP ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခါလီဒါအား အခုလို အမိန့်ချမှတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယခုနှစ်တွင် ကျင်းပရန် လျာထားထားသည့် အထွေထွေ ရွေးကောက်ပွဲတွင် သူမ ပါဝင်နိုင်ရန် အခွင့်အလန်း မရှိသလောက် ဖြစ်သွားခဲ့သဖြင့် လက်ရှိ ၀န်ကြီးချုပ် ရှိတ် ဟာဆီနာ အတွက် ပြန်လည် အရွေးခံဖို့ အရေးသာ သွားခဲ့ပြီ ဖြစ်ပါတယ်။

တရားရုံးရဲ့ အပြစ်ဒဏ်ကြောင့် သူမအား ပေးထားသော အာမခံကို ရုတ်သိမ်းလိုက်ပြီ ဖြစ်တဲ့ အတွက် မြို့တော်ရှိ ဗဟို အကျဉ်းထောင်ကြီးသို့ လုံခြုံရေး တင်းကျပ်စွာ ဖြင့် ခေါ်ဆောင်သွားခဲ့ပါတယ်။ (ပုံတွင် တွေ့ရစဉ်)

သူမ၏ သားဖြစ်သူ ပါတီ၏  ဒုဥက္ကဌ ဖြစ်သူအားလည်း ထောင်ဒဏ် ဆယ်နှစ် အပြစ်ပေးခဲ့ပြန်တဲ့အတွက် နှစ်လေးဆယ် သက်တမ်းရှိသော ပါတီအဖို့ ခေါင်းဆောင်မဲ့သွားခဲ့ရပါတယ်။

မြို့တော်တ၀ိုက်တွင် ဆန္ဒပြပွဲများ ဖြစ်လာမည်ကို စိုးရိမ်ပြီး လုံခြုံရေး တင်းကျပ်စွာ ချထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဥပဒေအရ ထောင်ဒဏ် နှစ် နှစ်အထိ ကျခံရပါက နောက် ငါးနှစ်အတွင်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံနိုင်ခွင့် မရှိပေ။

သူမကို စွဲဆိုထားသည့်အမှုကို ၂၀၀၈ ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ပြည်ပမှ ပေးသော ငွေများကို ၀န်ကြီးချုပ် ဖြစ်နေစဉ် အလွဲသုံးသည်ဆိုကာ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ပြစ်မှုပေါင်း ၃၃ ခုရှိသေးတယ်လို့လည်း ဆိုပါတယ်။

သူမရဲ့ အမှုကို အယူခံဝင်ဖို့ ရှေ့နေများက ဆောင်ရွက်နေတယ်လို့ သိရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက BNP ပါတီ ခေါင်းဆောင်များ နေထိုင်ရာ အိမ်၊ ဟိုတယ်များကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး ပါတီဝင် ဒါဇင်ပေါင်း များစွာကို ဖမ်းဆီခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သတင်းစာက နောက်ထပ်ဖေါ်ပြထားတဲ့ သတင်းတခုကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့တောင်အာရှ ဌာန ညွန်ကြားရေးမှုးချုပ် မန်ဂျုရူး ကရင်ခန် ချောင်ဒူရီ ဆိုသူ အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး အဖြစ် ခနှ်ုအပ်လိုက်ပြီဆိုတာပဲ ဖြစ်ပါတယ်။

၎င်းသည် ဘင်္ဂလားဒေ့ရှ် စက်မှုတက္ကသိုလ်မှ ဘီအက်စီ အင်ဂျင်နီယာ (စက်မှု) ဘွဲ့ကို ရရှိကာ အီတလီရှိ La Sapienza တက္ကသိုလ်မှ Geopolitics and Global Security ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ကို ဆွတ်ခူးခဲ့ပြီး လုပ်သက် အနှစ် နှစ်ဆယ်နီးပါးရှိသူဟု သိရပါတယ်။

လှစိုး​ဝေ
ကိုးကား ။ ။ The Daily Star (Bangladesh)

No comments:

Post a Comment