Latest News

Thursday, February 8, 2018

အငှားယာဉ်စီးနင်းလာစဉ် ယာဉ်ပေါ်၌ လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေးတိုင်တန်းသူအား အမှုဖွင့်

အငှားယာဉ်စီးနင်းလာစဉ် ယာဉ်ပေါ်၌ လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေးတိုင်တန်းသူအား အမှုဖွင့်

ရန်ကုန် ဖေဖော်ဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး    လမ်းမတော် မြို့နယ်  ဗိုလ်ချုပ်လမ်းပေါ်  သရက်တော ကျောင်းတိုက်အနီးမှ   ပန်းဆိုးတန်းသို့ သွားရန်    မလှိုင်နှင်းဝေက   အငှားယာဉ် တစ်စီး စီးနင်းခဲ့ရာ မော်တော်ယာဉ်ပေါ် တွင်  လုယက်ခံရကြောင်း   ကြည့်မြင်တိုင် ရဲစခန်းသို့    လာရောက်တိုင်တန်းသည့် အမှုမှာ   ဖြစ်စဉ်အမှန်မဟုတ်ဘဲ   မမှန် သတင်းပေး  တိုင်တန်းကြောင်း    စစ်ဆေး ပေါ်ပေါက်သဖြင့်  တိုင်တန်းသူအား   အမှု ဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

လာရောက်တိုင်တန်း
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ  ၇ ရက် နံနက် ၆  နာရီ  ၁၅  မိနစ်တွင်  ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်နေ မလှိုင်နှင်း ဝေသည် မိဘများနှင့် ချိန်းဆိုထားသဖြင့် ပန်းဆိုးတန်းသို့သွားရန်   လမ်းမတော် မြို့နယ်  ဗိုလ်ချုပ်လမ်းပေါ်  သရက်တော ကျောင်းတိုက်အနီးမှ  ယာဉ်အမှတ်  EE/ --------တက္ကစီတစ်စီးအား ငှားရမ်းစီးနင်း လာခဲ့ရာ ယာဉ်မောင်းမှ ပန်းဆိုးတန်းသို့ မသွားဘဲ      ကွေ့ပတ်မောင်းနှင်ကာ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံတွင်  မီးပွိုင့်မှ    မီးနီသဖြင့်   မော်တော်ယာဉ် ရပ်ထားစဉ် အမည်မသိ အမျိုးသားတစ်ဦး ယာဉ်ပေါ်သို့    တက်လာပြီး   ၄င်းထံမှ ပိုက်ဆံအိတ်အား လုယူခဲ့ရာ အမျိုးသား က        လက်နှစ်ဖက်အား      ဖမ်းချုပ်ကာ ပါးစပ်ကိုလက်ဖြင့်ပိတ်၍ ယာဉ်မောင်း ထံမှ    ကတ်ကြေးတောင်းယူကာ ၄င်း၏အင်္ကျီကို    ကတ်ကြေးဖြင့်   ဖြဲခဲ့ကြောင်း၊ ကြယ်သီးနှစ်လုံး   ပြုတ်သွားပြီး  ပိုက်ဆံ အိတ်လုသွားခဲ့ကြောင်း၊  အငှားယာဉ်ကို လှည့်ပတ်မောင်းပြီး ကြည့်မြင်တိုင်မြို့နယ်   သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် ယာဉ်ပေါ် မှချထားခဲ့ကြောင်း၊ ၄င်းထံမှ VIVO အမျိုး အစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေ$ကျပ်     ၅ဝ၃ဝဝဝ ထည့်ထားသည့် ပိုက်ဆံအိတ်ပါ ဆုံးသွားကြောင်း   ကြည့်မြင်တိုင်    မြို့မ ရဲစခန်းသို့    လာရောက်တိုင်တန်းသဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

မမှန်မကန်သတင်းပေး
အမှုမှန်     ပေါ်ပေါက်ရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ တိုင်တန်းသူ မလှိုင် နှင်းဝေ၏ ထွက်ဆိုချက်မှာ ရှေ့နောက် ညီညွတ်မှုမရှိဘဲ    ကွဲလွဲစွာထွက်ဆိုနေ ကြောင်း၊ ၄င်းငှားရမ်း စီးနင်းလာသည့် ယာဉ်အမှတ်EE/----- ယာဉ်ဖြတ်သန်း မောင်းနှင်ခဲ့သည့်        လမ်းကြောင်း တစ်လျှောက်ရှိ   မှတ်တမ်းများ    ကြည့်ရှု စစ်ဆေးခဲ့ရာတွင် အဆိုပါယာဉ် ဖြတ်သန်း မောင်းနှင်ခဲ့သည့်   မှတ်တမ်းများ မတွေ့ရှိ ခဲ့ရကြောင်း   စစ်ဆေးတွေ့ရှိရသဖြင့်  တိုင်တန်းသူ            မလှိုင်နှင်းဝေအား အသေးစိတ်စစ်ဆေးခဲ့ရာ  ၄င်းတိုင်တန်း သည့်  အမှုမှာ  ဖြစ်စဉ်အမှန်မဟုတ်ဘဲ၊ ၄င်းထံ၌ ငွေမရှိဘဲ မိဘများအား ပိုက်ဆံ ပေးမည်ဟု    ပြောဆို၍    ရန်ကုန်သို့ လာရောက်ရန်    ချိန်းဆိုပြောဆိုခဲ့ရာ မိဘများ ရန်ကုန်သို့ရောက်ရှိစဉ် ပိုက်ဆံ ပေးစရာမရှိသဖြင့်      အကြောင်းပြပြီး   လိမ်လည်၍   မမှန်မကန်   သတင်းပေး တိုင်တန်းခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ထောင်ဒဏ်သုံးလချမှတ်
အငှားယာဉ် ငှားရမ်းစီးနင်းလာရာမှ လုယက်ခံရကြောင်း   ရဲစခန်းသို့  မမှန် မကန် သတင်းပေးတိုင်တန်းသူ မလှိုင်နှင်း ဝေအား   ကြည့်မြင်တိုင်   မြို့မရဲစခန်းမှ တရားရုံးသို့   ဦးတိုက်လျှောက်ထားခဲ့ရာ ကြည့်မြင်တိုင်   မြို့နယ်တရားရုံးက လက်ခံ စစ်ဆေးခဲ့ပြီး  ပြစ်မှုကျူးလွန်သူ  မလှိုင် နှင်းဝေအား   အလုပ်နှင့်   ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ကြောင်း  သိရသည်။ ကိုရဲ(မြန်​မာ့အလင်း)

No comments:

Post a Comment