အရှိန်လွန်ယာဉ်နှစ်စီး ကားလမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ ဆိုင်ကယ်မောင်းသူ ဒဏ်ရာပြင်းထန်
ဧရာဝတီတိုင်းဒေသကြိး၊ပုသိမ်ခရိုင်၊ကျောင်းကုန်း
မြစ်ကူးတံတားအနီးတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
အမှုမှာ တရားလို ဒုရဲအုပ်ဝင်းမင်းသန်းသည် ကျောင်းကုန်းမြို့မရဲစခန်း၌ တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၇၃/၄ နှင့် ၇၃/၅ ကြား၊ကျောင်းကုန်းတံတားအနီးတွင် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ဦးထွန်းထွန်း(၅၀)နှစ် မောင်းနှင်သော ၃၉ယ/---------အနက်ရောင်ဆိုင်ကယ်သည် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ရဲရင့်နိုင်(၂၃)နှစ် မောင်းနှင်သော 3I/--------အနီရောင် မော်တော်ယာဉ်တို့ ကားလမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိကြရာ ဆိုင်ကယ်မောင်းသူမှာ ယာခြေသလုံးပေါက်ပြဲပြီး ဦးခေါင်းနောက်စေ့ နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ များရရှိသွားရာ ပုသိမ်ဆေးရုံသို့ပို့ဆောင်၍ဆေးကုသမှုခံယူစေလိုက်ရသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်နာကျင်စေသူ ယာဉ်မောင်းနှစ်ဦးစလုံးအားကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Friday, February 16, 2018
အရှိန်လွန်ယာဉ်နှစ်စီး ကားလမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ ဆိုင်ကယ်မောင်းသူ ဒဏ်ရာပြင်းထန်
အရှိန်လွန်ယာဉ်နှစ်စီး ကားလမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ ဆိုင်ကယ်မောင်းသူ ဒဏ်ရာပြင်းထန်
Reviewed by Ar Ti
on
12:22 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment