Latest News

Friday, February 16, 2018

အမျိုးသမီးများဘေးကင်းလုံခြုံဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတို့၏အသံ တွေ့ဆုံပွဲအား ပုသိမ်တွင်ကျင်းပ

အမျိုးသမီးများဘေးကင်းလုံခြုံဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတို့၏အသံ တွေ့ဆုံပွဲအား ပုသိမ်တွင်ကျင်းပ


ပုသိမ် ဖေဖေါ်ဝါရီ ၁၆ရက်

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့  SWAN HOTELတွင်အမျိုးသမီးများဘေးကင်းလုံခြုံဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတို့၏အသံ တွေ့ဆုံပွဲ ကို ယနေ့နေ့လည်၁နာရီအချိန်မှစတင်ပြီး ညနေ၃နာရီခွဲအချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရ ရှိသည်

အဆိုပါတွေ့ဆုံပွဲအား Triangle Women's Support Group (TWSG)အမျိုးသမီးများအဖွဲ့နှင့် ဧရာဝတီတိုင်းWISHအဖွဲ့မှညီအမများပူးပေါင်းပြုလုပ်လျက်ရှိကြောင်း TWSGအဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးထံမှသိရသည်

ယင်းတွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့မှ  လှူမှူရေးဝန်ကြီးဒေါက်တာလှမြတ်သွေး မြောင်းမြလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး ငပုတောလွယ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ သာပေါင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ ဧရာတိုင်းရဲမှူးဒေါ်အန်ခေါင်တင်  ဧရာတိုင်း လွှတ်တော်ချူပ်အဖွဲ့မှတာဝန်ရှိသူများ  တိုင်းတရားလွှတ်တော် ညွန်ကြားရေးမှူး ပုသိမ်အခြေစိုက် အမျိုးသမီးအဖွဲ့များနှင့် ဧရာဝတီလူငယ်ကွန်ယက်အဖွဲ့တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်

"အမျိုးသမီးတွေက ကိုယ်ရဲ့အခွင့်အရေးကိုယ်သိဖို့လိုတယ် အဲဒီအခွင့်အရေးကိုကာကွယ်ပေးနိုင်တဲ့ ဥပဒေကို သိဖို့လည်းလိုတယ် ဒီဥပဒေကိုသိပြီးတဲ့အခါမှာ ပထမအချက်ကဘယ်လိုဆောင်ရွက်ရက်ရမဲ့နည်းပညာလိုတယ် ဒုတိယအချက်က အမျိုးသမီးတင်မဟုတ်ဘဲ အမျိုးသားများကလည်းဒီလိုအကြမ်းဖက်မှူ့နှင့်ပြစ်မှူတွေဘယ်လိုရှိတယ်ဆိုတာထင်ထင်ရှားရှားသိဖို့လိုတယ် တတိယအရေးကြီးဆုံးအချက်ကတော့အမျိုးသမီးတွေကို သက်ဆိုင်ရာဌာနများကနေပြီးတော့  ဥပဒေအရထိထိရောက်ရောက်ကာကွယ်ပေးနိုင်ဖို့လိုတယ်လို့ကျွန်မထင်ပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့မှ  လှူမှူရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကတိုင်းဧရာကိုပြောသည်

အမျိုးသမီးတွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိသားစုထဲကနေစတင်လေ့ကျင့်ပေးရုံတင်မကဘဲ စာသင်ကျောင်းပတ်ဝန်းကျင် တွေကအစ အမျိုးသမီးတွေနဲ့ပက်သက်တဲ့အခွင့်အရေးကာကွယ်ဖို့တွေကို ဝိုင်းဝန်းကူညီစောင့်ရှောက်ဖေးမ အသိပညာပေးဖို့ လိုကြောင်း"၎င်းကဆက်လက်ပြောကြားသည်

ယခုလိုကျင်းပရခြင်းရည်ရွယ်ချက်ကတော့လွှတ်တော်ကိုယ်စားလှယ် အစိုးရတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းအတွင်းအမျိုးသမီးများအရေးဆောင်ရွက် သူများအကြောင်းရင်းနှီးမှူရ ရှိစေရန်နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင်အဆင်ပြေချောမွေ့စေရေး ပိုမိုအားကောင်းစွာပူးပေါင်းဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း TWSG အဖွဲ့မှဒါရိုက်တာဒေါ်ခင်လေးကပြောပါတယ်

အမျိုးသမီးအဖွဲ့များပုသိမ်တွင်ရှိတာများလို့ ဧရာဝတီတိုင်းဒေသကြီးကိုယ်စား ပုသိမ်မြို့မှာလာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၎င်းမှဆက်လက်ရှင်းပြသည်

လက်ရှိတွင် အဆိုပါတွေ့ဆုံပွဲများကို မကွေးတိုင်းဒေသကြီးနှင့် မန္တာလေးတိုင်းဒေသကြီးများတွင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်းTriangle Women's Support Groupအဖွဲ့ထံမှသတင်းရရှိသည်

ရွှေရည်ဝင်း (တိုင်းဧရာ)

No comments:

Post a Comment