Latest News

Saturday, February 10, 2018

"ဦးပိန်တံတားခါတိုင်းနှစ်ထက် နိုင်ငံခြားသားဝင်ရောက်မှု နည်းပါး ငှက်လှေသမားပြောကြား"

"ဦးပိန်တံတားခါတိုင်းနှစ်ထက် နိုင်ငံခြားသားဝင်ရောက်မှု
နည်းပါး ငှက်လှေသမားပြောကြား"

                   အမရပူရ  ဖေဖော်ဝါရီ  ၁၀

          ဖေဖော်ဝါရီ  ၉ ရက်နေ့  ညနေပိုင်း အမရပူရမြို့
နယ်ရှိ သမိုင်းဝင်ဦးပိန်တံတားသို့လာရောက်ကြသော
နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့်ပြည်တွင်းဘုရားဖူး
များဖြင့်စည်ကားနေသည်။

    "လေးယောက်အထိစီးလို့ရတယ် သင်္ဘောကုမ္ပဏီတွေ
ကသတ်မှတ်ချက် ကျပ်တစ်သောင်းခွဲ  ကုမ္ပဏီတွေက
တော့အစုံဘဲ မှတ်တောင်မမှတ်မိဘူး ဒီလို ညနေခင်း နေ
ဝင်ချိန်ကတော့နိုင်ငံခြားသားတွေကအထူးသဖြင့်နေဝင်
ချိန်ကိုကြည့်ချင်တာနဲ့ ဓါတ်ပုံရိုက်ကြတာ  တချို့ကုမ္ပဏီတွေက  ၁၀ ရက်စာ  ၁၅ ရက်စာကြိုငှားကြတာ  နေဝင်ချိန်မဟုတ်ဘူးဆိုရင်  ကျပ်
တစ်သောင်းနှစ်ထောင် ပါ  သူတို့ ကုမ္ပဏီက  လေးယောက်စီးပါ သူတို့လဲသက်သာတယ်  တစ်ချို့ကနှစ်ယောက်စီးတော့ တစ်သောင်းခွဲရတာချင်းအတူတူဘဲ   လှေ အစီး နှစ်ဆယ်  နှစ်ဆယ့်ငါးစီး
လောက်နုတ်သွားတယ်  သို့သော်ငြားလဲ  လေးယောက်စီး
တော့အခက်အခဲမရှိနိုင်ဘူး   ဒီနှစ်က ဧည့်သည်ပါးလို့ခါတိုင်းနှစ်ဆိုရင် အခက်အခဲရှိတယ် နိုင်ငံခြားသားမှတင်တာလားလို့ ဧည့်သည်မပေးနိုင်ဘူး စကားလေးတွေပြောရတာပေါ့ ကျွန်တော်တို့က ဘိုကင်လုပ်တဲ့သူအရင်ပေးရတယ်  ပြည်တွင်းက ဧည့်သည်တွေ  နှစ်ယောက် သုံးယောက်စီးရင် ကျပ်ခြောက်ထောင်   ရှစ်ယောက်စီးရင် ကျပ် ရှစ်ထောင်ယူပါတယ်"ဟုငှက်လှေသမား ကိုသန်းနိုင်ထွန်း ကပြောသည်။
(၀၇၇)မြန်​မာ့အလင်း

No comments:

Post a Comment