Latest News

Saturday, February 10, 2018

မြစ်ဆုံအပန်းဖြေစခန်းသို့ ရုံးပိတ်ရက်တွင် ၀န်ထမ်းများနှင့် ဒေသခံပြည်သူများ လာရောက်အပန်းဖြေလျက်ရှိ

မြစ်ဆုံအပန်းဖြေစခန်းသို့ ရုံးပိတ်ရက်တွင် ၀န်ထမ်းများနှင့်
ဒေသခံပြည်သူများ လာရောက်အပန်းဖြေလျက်ရှိ

မြစ်ကြီးနား      ဖေဖော်ဝါရီ   (၁၀)

 မြန်မာနိုင်ငံနှင့်ကချင်ပြည်နယ်၏ ထင်ရှားကျော်ကြားသည့်နေရာတစ်ခုဖြစ်သည့်မြစ်ကြီးနား မြို့နယ်၊ တန်ဖဲကျေးရွာရှိ မြစ်ဆုံအပန်းဖြေစခန်း၌ ရုံးပိတ်ရက်များတွင် ၀န်ထမ်းမိသားစုများ၊ ရပ်နီး ရပ်ဝေးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ လာရောက် အပန်းဖြေလျက်ရှိကြရာ ဖေဖော်ဝါရီ(၁၀)ရက်နံနက်ပိုင်းတွင်မြစ်ကြီးနားခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးအဖွဲ့များက မြစ်ဆုံဒေသအပေါ်၎င်းတို့၏ အမြင်များနှင့်ပတ်သက်၍ သွားရောက် မှတ်တမ်းရယူ ခဲ့ကြသည်။

 “သူများတွေ အလည်အပတ် အပျော်အပါး လာချင်တယ် ဆိုတော့ လာချင်တာပေါ့၊ ကြည်နူးပြီးတော့ ပျော်ရွှင်တာပေါ့”ဟု ဒေါ်ရွှေကျော် (မြစ်ကြီးနားမြို့နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒု-ကြီးကြပ်ရေးမှူး)က ပြောကြားခဲ့သည်။

‘  ရန်ကုန်ကလာတာပေါ့ လွန်ခဲ့တဲ့ (၁၅)နှစ်က ကိုယ်နေခဲ့တဲ့ မြို့လည်းဖြစ်တယ်၊ နောက်ပြီး တော့ ကိုယ်လည်း ဒီမှာနေခဲ့ဖူးတယ်။ မြစ်ဆုံက လှလည်းလှလို့လာလည်တာ’ ဟု ဒေါ်သဇင်ဝင်း (ရန်ကုန်မြို့) နေသူက ပြောကြားခဲ့သည်။

 ‘နယ်ခံကတော့မဟုတ်ဘူး၊ ကျောင်းလာတက်တာ ဆိုတော့ ဧည့်သည့်ပေါ့၊ လုံးခင်းကနေ လာတက်တာ၊ မြစ်ဆုံက အခုချိန်မှ ကျောက်ဆောင်တွေ ပေါ်တယ်လေနော်၊ ကျောင်းက second တစ်ဖြတ်ဆိုရင် ကျောက်ဆောင်တို့ ရေတို့ဆိုတာ အဲ့လောက်မလှတော့ဘူး၊ အဲ့ဒါကြောင့် လာ ကြည့်တာ၊ ပြီးတော့ ဒီမှာ မယ်တော်ပွဲလည်း ရှိတယ်၊ အဲ့ဒီတော့ ပျော်တာပေါ့’ ဟု တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်သူ မဘောက်နူး(ဖားကန့်မြို့နယ်)နေသူက ပြောကြားခဲ့သည်။
 ‘ရုံးပိတ်ရက်အားလပ်ရက်လည်းဖြစ်တယ်၊ ရုံးမှာ လုပ်ငန်းတွေ ပင်ပန်းတယ်၊ အဲ့ကြောင့် ဒီမှာလာပြီး အပန်းဖြေတာပေါ့၊ ကိုယ်မရောက်ဖူးတဲ့ ဒီဒေသမှာ ရှုခင်းအလှအပတွေကြည့်ရတာ စိတ်ထဲမှာ ကြည်နူးမိတာပေါ့’ဟု ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးမင်းသန်းဦးက ဖြေကြားခဲ့သည်။

 အဆိုပါ မြစ်ဆုံအပန်းဖြေစခန်းတွင် ခရစ်ယာန် ကက်သလစ်ဘာသာဝင်များ၏ အထွဋ်အ မြတ်ပွဲတော်တစ်ခုဖြစ်သည့် မြစ်ဆုံမယ်တော်ပွဲကို ယနေ့မှာစ၍ (၃) ရက်တိုင်တိုင်ကျင်းပမည်ဖြစ် ရာ အပန်းဖြေလာရောက်သူများ၊ ပွဲတော်လာသူများဖြင့် အထူးစည်ကားလျက်ရှိသည်။(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment