Latest News

Friday, February 9, 2018

စတေကာမှန်အမည်း ကပ်ထားသော စီးတီးတက္ကစီများအား စိစစ်အရေးယူ

စတေကာမှန်အမည်း ကပ်ထားသော   စီးတီးတက္ကစီများအား     စိစစ်အရေးယူ

ရန်ကုန် ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် စီးတီးတက္ကစီများ ၏ ကားမှန်များတွင် စတေကာအမည်းများတပ်ဆင် ထားသော ယာဉ်များအား ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ အရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

''တက္ကစီတွေကိုတော့ စတင်စိစစ် အရေးယူနေပါ တယ်၊ အဓိကကတော့ စတေကာတပ်ထားတဲ့ ယာဉ် တွေပါ၊ စီးတီးတက္ကစီ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကYRTA  ရုံးမှာ စာရင်းပေးသွင်းထားတဲ့ ယာဉ်ဆိုရင် မှတ်ပုံတင်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်လို့ ရပါတယ်၊ လက်ရှိမှာတော့ စတေကာကပ် တက္ကစီ တွေကို စစ်ဆေးအရေးယူနေပါတယ်'' ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် လတ်တလော ဖြစ်ပေါ်ခဲ့သော တက္ကစီယာဉ်များနှင့် ပတ်သက်သည့် ဒုစရိုက်မှုများ ကြောင့် တက္ကစီယာဉ်များ၏ မှန်များတွင် စတေကာ အမည်းများ တပ်ဆင်ထားခြင်းကို စိစစ်အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြေညာချက်များ ထုတ်ပြန် ထားသည်။ သတ်မှတ်ချက်များအား လိုက်နာမှု မရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူသည် အထိ ဆောင်ရွက်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိအချိန်အထိ စီးတီးတက္ကစီ အဖြစ်   မှတ်ပုံတင်ထားသည့်  ယာဉ်အစီးရေ ခြောက်သောင်းခန့်အထိရှိပြီး နယ်လိုင်စင်ယာဉ် များပါဝင်ပါက အစီးရေ ပိုမိုများပြားနိုင်ကြောင်း သိရသည်။ အဆိုပါ နယ်လိုင်စင်တက္ကစီ ယာဉ်များ ကို မြို့အဝင်ဂိတ်များတွင် မှတ်တမ်းရယူဆောင်ရွက် မည်ဖြစ်ကာ အခွန်ကောက်ခံခြင်းဖြင့်  ကန့်သတ် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ပထမပတ်အတွင်း   ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံတွင်ရှိသော    စာရင်းများအရ ဖေဖော်ဝါရီ ၄ ရက်အထိ အရေးယူခဲ့သည့်စတေကာ ကပ်တက္ကစီ အစီး ၄ဝ ကျော်ရှိကြောင်း သိရသည်။
သတင်း - ဝဝ၁၊ ဓာတ်ပုံ ခင်မောင်ဝင်း (ကြေးမုံ)

No comments:

Post a Comment