Latest News

Friday, February 9, 2018

ရွှေနန်းတော်ကျောင်းရှိ နယားရုပ်များ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများရှင်းလင်း

ရွှေနန်းတော်ကျောင်းရှိ နယားရုပ်များ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများရှင်းလင်း

မန္တလေး ဖေဖော်ဝါရီ ၉

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား
ပြတိုက်ဦးစီးဌာနနှင့် ကမ္ဘာ့ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မြန်မာ-အမေရိကန်  ရှေးဟောင်သုတေသနပညာရှင်များ၊ သစ်သားကျွမ်းကျင်ပညာရှင်များပူးပေါင်းကာ ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။

ရွှေနန်းတော်ကျောင်းကြီး   ရေရှည်တည့်တံ့ခိုင်မာစေရေး
အတွက် အမိုးပိုင်းမိုးရာသီရေစီးရေလာကောင်းမွန်စေရေးဆောင်
ရွက်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးဆောင်ရွက်ခြင်း၊
ပျက်စီးနေသော တိုင်များ၊ ရက်မများအား အစားထိုး ပြုပြင်ပေး
ခဲ့သည်။ ဆက်လက်၍ ရွှေနန်းတော်ကျောင်း၏ ဝရန်တာများ
ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းနှင့် နယားများအား နည်းပညာ
တက္ကသိုလ်ကျောင်းသား ကျောင်းသူများက  မှတ်တမ်းတင်ပုံများ
ရေးဆွဲခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို သစ်သား
ထည်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး ကမ္ဘာ့ရှေးဟောင်း
အဆောက်အအုံများ  ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WMF) ၏သစ်သားကျွမ်းကျင်ပညာရှင်များနှင့်   နည်းပညာတက္ကသိုလ် (မန္တလေး) မှ  ပါမောက္ခဒေါက်တာဇာခြည်မင်းတို့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် နယားရုပ်များ  ထိန်းသိမ်းစောင့်ရှောက်ခြင်း  တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲ ၂ နာရီက မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် (၇၁) လမ်းနှင့် (၂၆) လမ်းထောင့်ရှိ အမေရိကန်သံရုံး ပြန်ကြားရေးဌာနခွဲ ဂျက်ဖာဆင်စင်တာ၌ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနပညာရှင်များ၊ တက္ကသိုလ်များမှသမိုင်းပညာရှင်များ၊ နည်းပညာတက္ကသိုလ် ကျောင်းသား  ကျောင်းသူများ၊ စိတ်ဝင်စားသူများနှင့်  သတင်းမီဒီယာများအား   ရှင်းလင်းတင်ပြခဲ့ သည်။

ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း  ၁၃ဝ ကျော် သက်တမ်းရှိပြီး
ကုန်းဘောင်ခေတ် (၁၉) ရာစု မြန်မာမှုအနုပညာလက်ရာ  စံပြုကျောင်းကြီး ဖြစ်သည်။

ရွှေနန်းတော်ကျောင်း၌   အရှေ့၊ အနောက်တိုင် ၁၅ လုံး၊ တောင်
မြောက်တိုင် ၁ဝ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅ဝ၊    နယားရုပ်
ထောက်တိုင်ပေါင်း ၅၄ တိုင်နှင့် သရက်ကင်းအုတ် လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။

ရွှေနန်းတော်ကျောင်းကြီး တစ်ခုလုံးမြန်မာမှု သစ်သားပန်းပု လက်ရာ၊
ခြူးပန်းခြူးနွယ်၊ အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ နံရံကပ်ရုပ်  ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်း ကွန်းစင်တိုင်ခြေတွင်   ဇာတ်တော်  ကြီးဆယ်ဘွဲ့ကို   စိတ်ဝင်စားဖွယ်အနုစိတ် ထုလုပ်ထားကြောင်း သိရ သည်။သီဟကိုကို(မန္တလေး)​ကြေးမှုံ

No comments:

Post a Comment