Latest News

Thursday, February 22, 2018

မတ်ပဲအထွက်နှုန်း နည်းပြီး ဈေးကောင်းမရ၍ တောင်သူများ အဆင်မပြေမှုများ ရှိနေ

မတ်ပဲအထွက်နှုန်း နည်းပြီး ဈေးကောင်းမရ၍ တောင်သူများ အဆင်မပြေမှုများ ရှိနေ

နေပြည်တော် ဖေဖော်ဝါရီ  ၂၁

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ဇီးကုန်းကျေးရွာအုပ်စု အတွင်းရှိ ဇီးကုန်း၊ အောင်ပန်း၊ သာယာဝှမ်း    အစရှိသောကျေးရွာများရှိ မတ်ပဲစိုက် တောင်သူများ မတ်ပဲပေါ်ချိန်တွင် ယမန်နှစ်ကလောက် ဈေးကောင်းမရရှိသဖြင့် အဆင်မပြေမှုများ ရှိနေကြောင်း မတ်ပဲစိုက် တောင်သူတစ်ဦးထံမှ သိရသည်။ ''ကျွန်တော်တို့ မနှစ်ကဆိုရင် မတ်ပဲ တစ်တင်းကို ငွေကျပ် ၃၅ဝဝဝ ရှိတယ်။

အခုနှစ် မတ်ပဲဈေးက   တစ်တင်းကို ငွေကျပ် ၁၈ဝဝဝ ပဲရတော့ အမြတ်ရရှိမှုနည်းပါးတယ်။ မတ်ပဲစိုက်ပျိုးရာမှာ  တစ်ဧကကုန်ကျငွေအနေနဲ့ မျိုးစေ့တစ်တင်းကို ငွေကျပ် ၂၅ဝဝဝ၊ ထွန်ယက်ခ ငွေကျပ် ၂၃ဝဝဝ၊ ဆေးဖျန်းခ ငွေကျပ် ၈ဝဝဝ၊ ဆေးဖိုး ငွေကျပ် ၅ဝဝဝဝ၊ ရိတ်သိမ်းခြွေလှေ့ခ ငွေကျပ် ၄၅ဝဝဝ၊ ခြွေလှေ့စက် ငှားရမ်းခ ငွေကျပ် ၁၂ဝဝဝ ကုန်ကျတယ်။ အထွက်နှုန်းက မတ်ပဲတစ်ဧကဆိုရင် ၁၅ တင်းပဲထွက်တယ်။ အခုနှစ်ပေါက်ဈေး မတ်ပဲတစ်တင်းကို ငွေကျပ် ၁၈ဝဝဝ ဈေးပဲရတော့ မတ်ပဲ ၁၅ တင်းအတွက် ငွေကျပ် ၂၇ဝဝဝဝ ရရှိပြီး ကုန်ကျငွေကျပ် ၁၆၃ဝဝဝ ကို နုတ်ယူလိုက်မယ်ဆိုရင် ငွေကျပ် ၁ဝ၇ဝဝဝ ပဲ အသားတင်အမြတ်ကျန်တယ်။

ယမန်နှစ်ကလောက် တွက်ခြေမကိုက်ဘူး''ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။ မတ်ပဲကို နိုဝင်ဘာလဆန်းတွင် စတင် စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလကုန်တွင် ရိတ်သိမ်းခြွေလှေ့ရကြောင်း၊ ရိတ်သိမ်း ခြွေလှေ့ရာတွင် ယခင်က မတ်ပဲနုတ်ပြီးသားများကို လှည်းဖြင့်တိုက်ယူပြီး တစ်နေရာတည်း၌ တလင်းပြုလုပ်ကာ နွားနှင့်နင်းခြေဆောင် ရွက်ရသည့်အတွက် အလေအလွင့်များပြီး ကုန်ကျစရိတ်လည်း များကြောင်း၊ ယခုအခါတွင် နုတ်ပြီးမတ်ပဲကို ယာခင်းထဲတွင်  အခင်းခင်းပြီး စုပုံကာ ခြွေလှေ့စက်ဖြင့် ခြွေလှေ့ရသဖြင့် ကုန်ကျမှု သက်သာစေသည့်အပြင် အလုပ်သမားလည်း ငါးဦးသာ ဆောင်ရွက်ရသဖြင့် လေလွင့်မှုနည်းပါးပြီး ကုန်ကျမှု သက်သာကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment