Latest News

Thursday, February 22, 2018

မန်းရွှေစက်တော်ဘုရားကြီး၏ကားရပ်နားခွင့် ဂိတ်ဝင်ကြေး၂၅၀၀ ကျပ်ကောက်ခံနေခြင်းကြောင့်ဘုရားကြီး၏ပုံရိပ်များထိခိုက်နိုင်

မန်းရွှေစက်တော်ဘုရားကြီး၏ကားရပ်နားခွင့် ဂိတ်ဝင်ကြေး၂၅၀၀ ကျပ်ကောက်ခံနေခြင်းကြောင့်ဘုရားကြီး၏ပုံရိပ်များထိခိုက်နိုင်

မင်းဘူး   ဖေဖော်ဝါရီ    ၂၂

မကွေးတိုင်းဒေသကြီးမင်းဘူး(စကု)မြို့နယ်ရှိမန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကိုတပို့တွဲလဆန်း(၅)ရက်မှ နှစ်ဆန်း (၁)ရက်နေ့    (၂၁-၁-၂၀၁၈ မှ ၁၇-၄-၂၀၁၈)ရက်နေ့ထိ (၈၇)ရက်တိုင်တိုင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူမိဘပြည်သူများနှင့်နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်မှာမကွေးတိုင်းဒေသကြီး၏ ဂုဏ်ယူစရာပုံရိပ်တစ်ခုဖြစ် သည်။

ယခုအခါတွင် လူမှုကွန်ယက်၌ ပျံနှံ့လျက်ရှိသောမန်းရွှေစက်တော် ဘုရားကြီးအ၀င်မောင်းတံဂိတ်မှဘုရားဖူးကားများအားကားရပ် နားခွင့် ၂၅၀၀ ကျပ်ကောက်ခံနေခြင်းအပေါ် ပြည်သူများ၏ သဘောထား
အမြင်များအားမန်းရွှေစက်တော်ဘုရားဖူးလာပြည်သူများအားကားရပ်နား
ခွင့်ပေးဆောင်ရခြင်းအပေါ်မေးမြန်းခဲ့ရာတွင်   --
“ ဦးတို့က နှစ်တိုင်းဘုရားလာဖူးနေကြပါ အရင်နှစ်တွေတုန်းကတော့ လမ်းကြေးတံတားကြေးတွေပေးရတယ် မနှစ်ကစပြီးအဲဒါတွေမရှိတော့လို့ ၀မ်းသာ နေတာ ဒီနှစ်လာတော့ ကားရပ်နားခွင့် ဆိုပြီး၂၅၀၀ ကျပ် တောင်းတယ် များလွန်းတယ် သင့်တင့်တဲ့နှုန်းထားတစ်ခုဘဲ ဖြစ်သင့်တယ် ဟုမကွေးမြို့မှဒုညွှန်မှူး (ငြိမ်း) ဦးတင်မောင်မှပြောသည်။
 ပွင့်ဖြူမြို့မှ လုပ်ငန်းရှင် ဦးနိုင်မှ  “ ဒီလိုကောက်တာ လုံးဝမဖြစ်သင့် ဘူးလို့ထင်ပါတယ် ဘုရားအ၀င်မောင်းတံဂိတ်ကစကောက်လိုက်တော့ ဘုရားဖူးလာပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်တာပေါ့
မကွေးတိုင်း ဒေသကြီးအစိုးရနဲ့ဘုရားကြီးရဲ့ ပုံရိပ်တွေလည်းကျဆင်း တာပေါ့ ဒီကိစ္စဘယ်သူမှာတာဝန်ရှိလည်းဆိုတာ သက်ဆိုင်ရာလူကြီးမင်း များက အမြန်ဆုံးတာဝန်ယူဖြေရှင်းပေးသင့်ပါတယ် ၊ အရမ်းလူစည်
တဲ့ ပိတ်ရက်တွေဆိုလျှင် ကားအစီးရေ (၂၀၀၀)လောက်လာပါတယ်  တစ်စီးကို(၂၅၀၀) နဲ့ဆိုလျှင်ဘုရားပွဲတော်ရက်က (၃)လလောက် ဆိုတော့ စဉ်းစားကြည့်ပါဦးဘုရားဖူးလာ ပြည်သူငွေနဲ့ လူတစ်စုကိုလုပ်ကျွေးနေ သလိုခံစားရပါတယ်   ’’ဟုပြောသည် ။

မန္တလေးမြို့မှကားအော်ဒါလိုက်လာသူကိုကျော်နိုင်ထွန်းက“ကျွန်တော်ကဘုရားကို နှစ်တိုင်းကားအော်ဒါလိုက်နေကြပါ ဒီနှစ်တော့ကားရပ်နားခွင့် ၂၅၀၀ကျပ်ပေးရတော့ သိပ်အဆင်မပြေဘူး ဘယ်တန်းခိုးကြီးဘုရားမှ လည်းဒီလောက်မပေးရဘူးစိတ်အနှောင့်အယှက်တော့ဖြစ်တယ်  ’’ဟုပြောသည် ။

စကုမြို့မှ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူကိုကျော်ဇေလတ်က“ ကျွန်တော် ဒီမှာစားသောက်ဆိုင်ဖွင့်လာတာ ၁၂ နှစ်ရှိပြီဒီလောက်များတဲ့  ကားရပ်နားခွင့်ဝင်ကြေးတော့ မကြားဖူးဘူးကျွန်တော်ဆိုင်မှာလာစားတဲ့ ဘုရားဖူးဧည့်သည်တွေကလည်းမကျေနပ်ကြဘူးဘုရားသာလှူလိုက်ချင်
တယ်ကားဝင်ကြေးကများလွန်းတယ်ဒါတော့မဖြစ်သင့်ဘူးဟုပြောသံတွေလည်းကြားနေရတယ် ’’ဟု၎င်းမှ ပြောသည် ။
ဆက်လက်၍ ပြည်သူများမှ မည်သည့်အတွက်ကြောင့်ယခုကဲ့သို့ ကောက်ခံနေရခြင်းဖြစ်ကြောင်းသိရှိလိုပါသဖြင့် မန်းရွှေစက်တော်ဘုရားဂေါပကဥက္ကဌဦးသိန်းလှိုင် အားသွားရောက်သတင်းရယူတွေ့ဆုံခဲ့ရာတွင်  ဂေါပကဥက္ကဌ  မှ -
“ဘုရားကြီးတွင်နှစ်စဉ်ကြုံတွေ့နေရသောယာဉ်ကြောပိတ်ဆို့မှုအား
ဖြေရှင်းသည့်အနေဖြင့်နဂါးမြီး၏အနောက်ဘက်ရှိဇော်ဂျီကုန်းကားရပ်နားကွင်းနှင့် ငဖဲစောင်းတန်းအနီးရှိသမုန်းကုန်းကားရပ်နားကွင်း
တို့အားဖော်ဆောင်ပေးခဲ့ပါကြောင်းဘုရားဖူးလာကားများမှာတည်းကျောင်းဘေးတွင် ကားရပ်နားသည့်အတွက် ကားကြပ်ခြင်းဖြစ်ကြောင်းကား ကွင်းများတွင်ကားများရပ်နားပါကရေဘေးမီးဘေး အန္တရာယ်
ဖြစ်ပေါ်ပါကလည်းယာဉ်အန္တရယ်များနှင့် ယာဉ်လမ်းပိတ်ဆို့မှုအားလည်း ကာကွယ်ရာရောက်ကြောင်းစသည်ရည်ရွယ်ချက်များဖြင့်ကားကွင်းများ ဖော်ဆောင်ကာတင်ဒါခေါ်ယူ၍ ကားကွင်းတစ်ကွင်းလျှင်
သိန်း(၁၀၀ )ကျပ်နှုန်းဖြင့် ကားကွင်း နှစ်ကွင်းအတွက် သိန်း (၂၀၀)ကျပ်ဖြင့်လုပ်ငန်းရှင်အားလုပ်ပိုင်ခွင့်ချထားပေးခဲ့ပါကြောင်းဘုရားဖူး လာကားများအားလည်းကားရပ်နားစခန်းရှိသည့် နမ္မဒါ (၁) နှင့် နမ္မဒါ(၂)
အဆင့်မြင့်တည်းခိုဆောင်များမှအပကျန်တည်းကျောင်းများတွင်မော်တော်ယာဉ်များကိုမထားရဘဲကားရပ်နားကွင်းတွင်ထားရန် သတ်မှတ်ထားသော်လည်းဘုရားဖူးကားများမှာကားရပ်နားကွင်းတွင်မနားဘဲမိမိတည်းခိုရာတည်းကျောင်းနံဘေးတွင်သာရပ်နားကြသောကြာင့်ကားကွင်းတွင်ကားများမ၀င်၍ ငွေကောက်ခံ၍မရကြောင်းကားရပ်နားခွင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူလုပ်ငန်းရှင်မှ ဂေါပကအဖွဲ့ထံ
တင်ပြရာဂေါပက အဖွဲ့မှဒေသအာဏာပိုင် တိုင်းဒေသကြီးအစိုးရထံဆက်လက်တင်ပြ၍ သဘောထားတောင်းခံခဲ့ရာတိုင်းဒေသကြီးအစိုးရမှမန်းရွှေစက်တော်ဘုရားကြီးအတွင်းကားရပ်နားစခန်းလုပ်ငန်းအားအဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရေးအတွက် ဘုရားပွဲအ၀င်သင့်တော်သည့်နေရာတွင် မော်တော်ယာဉ်ထိန်းသိမ်းအပ်နှံခအားတစ်ပါတည်းကောက်ခံခြင်းလုပ်ငန်းကိုမန်းရွှေစက်တော်ရာဂေါပကအဖွဲ့ကသတ်မှတ်ပေးထားသောနေရာ၌ ကောက်ခံခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့သဖြင့်ကားထိမ်းသိမ်းစောင့်ရှောက်ခ၊ အာမခံအပါအ၀င် တစ်စီးလျှင် (၂၅၀၀)ကျပ်နှုန်းကောက်ခံရန် ဂေါကပအဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် လေလံအောင်သူမှ ဘုရားဝန်းအ၀င် မောင်းတံဂိတ်တား၍ ကောက်ခံရခြင်းဖြစ်ကြောင်း ’’သိရသည်။

 ဘုရားဖူးလာပြည်သူများ၏ငွေကြေးကောက်ခံမှုအပေါ်  ရင်ဖွင့်ပြောကြားချက်များနှင့်မန်းရွှေစက်တော်ဘုရားဂေါပကဥက္ကဌ၏ကားရပ်နားခွင့်ကောက်ခံမှုအပေါ်ဘုရားဖူးလာပြည်သူများသိရှိစေနိုင်ရေးအတွက် ပြောကြားချက်များဖြစ်သည်။

 မန်းရွှေစက်တော်ဘုရားကြီး၏ ကားကွင်းများဖော်ဆောင်၍ ကားရပ်နားကွင်းလုပ်ဆောင်ခြင်းမှာကားယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းရာနည်းလမ်းကောင်းဖြစ်ပြီးဘုရားဖူးလာ ပြည်သူများအနေဖြင့ှ်လည်း သတ်မှတ်ထားသောကားရပ်နားကွင်းတွင် ကားရပ်နားခြင်းဖြင့် ဘုရားပွဲတော်အတွင်းယာဉ်ကြောပိတ်ဆို့မှု  ကြောင့် သဘာဝဘေးများဖြစ်သည့် မီးဘေး၊ ရေဘေးများ ဖြစ်ပေါ်ပါက ကားပိတ်ဆို့မှုမရှိသဖြင့် အန္တရာယ်ကင်းနိုင်မည်ဖြစ်ပြီးဘုရားဂေါပကအဖွဲ့မှ ချမှတ်ထားသောစည်းကမ်းများလိုက်နာခြင်းဖြင့် ၀ိုင်းဝန်းကူညီရန်လိုအပ်ပြီးဘုရားဂေါပကအဖွဲ့အနေဖြင့်လည်းမန်းရွှေစက်တော်ဘုရားပွဲတော်သည်ရက်ရှည်ဘုရားပွဲတော်ဖြစ်သည်နှင့်အညီကားရပ်နားခွင့် ၂၅၀၀ကျပ်ကောက်ခံနေခြင်းအစားအခြားသင့်လျော်သောစီမံမှု တစ်ခုလုပ်ဆောင်မှသာလျှင်ဘုရားကြီး၏ပုံရိပ်ကျဆင်းနိုင်မှုအားကာကွယ်ရာရောက်ကြောင်းအပြုသဘောဖြင့်အကြံပြုတိုက်တွန်းလိုက်ရပါသည်။မေသူလွင် (မကွေး-ကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment