Latest News

Thursday, February 22, 2018

အမျိုးသားအမျိုးသမီး ၅၂ ဦး အား တရုတ်ပြည်ဘက်သို့ခေါ်ဆောင်လာသူ၂ ဦးအားပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒဖြင့် အမှုဖွင့်အရေးယူ

အမျိုးသားအမျိုးသမီး ၅၂ ဦး အား တရုတ်ပြည်ဘက်သို့ခေါ်ဆောင်လာသူ၂ ဦးအားပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒဖြင့် အမှုဖွင့်အရေးယူ

မန္တလေး  ဖေဖော်ဝါရီ   ၂၂

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊အုန်းချောရွာ၊Asia World
တိုးဂိတ်အနီးတွင်အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေ ၃ နာရီက သတင်းအရ
စောင့်ဆိုင်းနေစဉ် ကြယ် တံခွန်မှန်လုံ ယာဉ်ဖြင့် အမျိုးသားအမျိုးသမီး ၅၂ဦးအား တရုတ်ပြည်သို့ အလုပ်လုပ်ကိုင်ရန် ခေါ်ဆောင်လာသူ ၂ ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့်အမှုဖွင့်အရေးယူထားကြောင်းယင်းတပ်ဖွဲ့မှ သိရသည်။

“ပြည်ပကို အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူရာမှာတရားဝင်အကျိုးဆောင်
လို င်စင်မရှိဘဲ အမျိုးသား ၄၄ ဦးနှဲ့ အမျိုး သမီး ၈ ဦးကို
တရုတ်ပြည်ပရိဘောဂစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ ငွေကြေးလက်ခံရယူပြီးမင်းခြံမြို့နယ်မှ ခေါ်ယူလာတာပါ” ဟု၎င်းတပ်ဖွဲ့မှ ရဲအုပ်မြင့်သိန်းကပြောသည်။

စစ်ဆေးချက်များအရတရုတ်နိုင်ငံ၊ဟွေ့ကျုံးပြည်နယ်၊တုံကွမ်မြို့ရှိပရိဘောဂစက်ရုံတွင် အလုပ်ကိုင်နေသော မြင်းခြံမြို့နယ်၊ကူရွာနေကိုကျော်စိုးလင်း နှင့် မကျီးသမျှားကျေးရွာနေ ကိုအောင်လင်း တို့ကအဆိုပါစက်ရုံတွင် တလလျင် လုပ်အားခ ကျပ်ငါးသိန်းရရှိကြောင်းပြောကြားကာကိုကျော်စိုးလင်းက ၂၆ ဦးအား တစ်ဦးလျင် ခရီးစရိတ် (၅၂၀၀၀၀)ကျပ်နှင့်ကိုအောင်လင်းက ၂၆ ဦးထံမှ တစ်ဦလျင် ကျပ် (၅၅၀၀၀၀)ရယူ ကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။

 “သူတို့ ၂ ယောက်ကိုတော့ အုန်းချော စခန်းမှာ အမှုဖွင့်ထားပြီး အချုပ်နဲ့ဖမ်းဆီးထားပါတယ်။ အလုပ်လုပ်ဖို့ ခေါ်ခံရတဲ့ ၅၂ ဦးကို အုန်းချောရွာအုပ်ချုပ်ရေးမှု အကူအညီနဲ့ အုန်းချောရွာ ဓမ္မာရုံမှာစောင့်ရှောက်ပြီးတော့ ပြည်ပသွားပြီးအလုပ်လုပ်ရင် တွေ့ကြုံနိုင်တဲ့အန္တရာယ်တွေကို ပညာပေး ရှင်းလင်းခဲ့ပါတယ်။”ဟုဆက် လက် ပြောကြားသည်။တရားဝင်လိုင်စင်မရှိဘဲ အလုပ်သမားစုဆောင်း သယ်ဆောင်လာသူကိုကျော်စိုးလင်းနှင့် ကိုအောင်လင်းတို့ အား ဥပဒေအရ အရေးယူရန်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးမှ ရဲအုပ် မြင့်သိန်းက တရားလိုပြုလုပ်တိုင်တန်း ခဲ့ပြီး ပုသိမ်ကြီးမြို့နယ်
အုန်းချောနယ်မြေရဲစခန်းတွင် (ပ)၂၇/၂၀၁၈။ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေပုဒ်မ-၂၆ ဖြင့် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က
အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment