Latest News

Monday, February 5, 2018

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ ကစ္ဆပနဒီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၁၂ လုံး ပျက်စီးဆုံးရှုံး

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ ကစ္ဆပနဒီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၁၂ လုံး ပျက်စီးဆုံးရှုံး

ကျောက်တော် ဖေဖော်ဝါရီ   ၅

ကျောက်တော်မြို့နယ် ကစ္ဆပနဒီမြစ်ကမ်းဘေးရှိ အပေါက်ဝကျေးရွာ၌ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၁၂ လုံး ရေထဲကျသွားကာ ပျက်စီးဆုံးရှုံးသွားကြောင်း အပေါက်ဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
'' မြစ်ကမ်းပါးပြိုကျပြီး ရေထဲကို လူနေအိမ် ၁၂ လုံး ပါသွားပါတယ်။ ပထမပြိုကျတော့ ၉ လုံး ပါသွားပါတယ်။ နောက်ခဏကြာတော့ နောက်တစ်ခေါက်ပြိုကျတော့ ၃ လုံး ထပ်ပါသွားပါတယ်။

ခုတော့ မြစ်ကမ်းပါးမှာနေတဲ့သူတွေကို ဘေးလွတ်မယ့်နေရာတွေကို ပြောင်းထားပါတယ်။ ကျွန်တော်တို့လည်း ဆက်ပြီး ပြို မပြို စောင့်ကြည့်နေပါတယ်။ ကျွန်တော့်တို့ရွာမှာ ခုလို မြစ်ကမ်းပြိုတာက နှစ်တိုင်းလိုလိုဖြစ်ပါတယ်။ အစိုးရကလည်း ကျောက်စီနံရံတွေလုပ်ပေးပါတယ်။ ဒါပေမယ့် ကမ်းပါးက ဆက်ပြီးပြိုနေတာပါပဲ" ဟု အပေါက်ဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က ပြောသည်။

ကစ္ဆပနဒီမြစ်ကမ်းက အပေါက်ဝကျေးရွာကို ကမ်းပါးပြိုကာကွယ်ရေးအတွက် ၂၀၁၇ ခု အောက်တိုဘာလမှစ၍ ကျောက်စီနံရံ ပေ ၇၀၀ ပြုလုပ်နေကြောင်း၊ ပါသွားကြောင်းလည်း ၄င်းက ဆက်ပြောပြသည်။
သတင်း-ကိုကြီးစော
ဓာတ်ပုံ-ကိုနိုင်စိုး(မြန်​မာ့အလင်း)

No comments:

Post a Comment