ကျူံမငေးမြို့ယာယီရဲစခန်းမှူး ရဲအုပ် တစ်ဦး မိမိကိုယ် မိမိ သေနပ်ဖြင့် ပစ်၍ အဆုံးစီရင်
ပုသိမ်၊ဖေဖေါ်ဝါရီလ ၅ရက်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးနယ်မြေရဲစခန်း မှ အသက် ၄၃ နှစ် ရှိ သူ ယာယီရဲသခန်းမှူးရဲအုပ်လှိုင်ဝင်း သည် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁နာရီအချိန်ခန့်က မိမိကိုယ်ကို မိမိ သေနပ်ဖြင့် ပစ်၍ အဆုံးစီရင် ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှသတင်းရရှိသည်
ဖြစ်စဉ်မှာ ၎င်းနေထိုင်ရာ ရဲစခန်း လိုင်းအမှတ် (၁) အိမ်ယာတွင် ဇနီးဖြစ်သူဒေါ်ညှိမာသင်း က နေအိမ်ရှေ့ ၌ဆွမ်းလောင်းနေစဉ် အိမ်ထံက အသံတစ်ခုကြားလို့ သွားကြည့်ခဲ့ရာ ခင်ပွန်းဖြစ်သူ ကိုလှိုင်ဝင်းမှ ဦးခေါင်းနှောက်စေ့ပေါက်ထွက် သေနပ် ဒါဏ်ရာဖြင့် နေအိမ် အိပ်ခန်း ကုတင်ဘေးတွင် ပက်လက် လဲကျနေကြောင်း ၊အခင်း ဖြစ်ပွားသည့် နေရာတွင် ခြောက်လုံးပြူး သေနက်တစ်လက် အုတ်နံရံတွင် အပေါက်ဒဏ်ရာ တစ်ခု ကျည်ခွံ တစ်ခုတွေ့ရှိရကြောင်း၊ ခြောက်လုံးပြူးအတွင်း၌ ကျည်သုံးတောင့်အနက် တစ်တောင့်၏ နောက်ပိတ်တွင် ကျည်ရိုက်တံ ရိုက်ထားသည့် အရာ တွေ့ရှိရကြောင်း၊ ကျန်နှစ်တောင့်မှာ ပစ်ထားသည့် အနေအထားမရှိကြောင်းရဲတပ်ဖွဲ့ စစ်ဆေးချက် တွင် ဖော်ပြထားသည်ကိုတွေ့ရသည်
"သေဆုံးသူရဲ့အာခေါင်ထဲကယမ်းနံရတယ် နောက်ကနေ့ပွင့်ထွက်သွားတယ် ကိုယ့်ကိုယ် ပြန်ပစ်တယ် ဆိုရပေမယ့် ဆေးစစ်ချက် ထွက်လာမှပဲ အတိအကျ ပြောလို့ရမယ်"ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဦးစီး ပထမတန်း အရာရှိ ဒုတိယ ရဲမှူးကြီး ခင်မောင်လတ် ကပြောသည်
သေဆုံးသူ ရဲအုပ်လှိုင်ဝင်းသည် မြောင်းမြခရိုင် ရဲတပ်ဖွဲ့ မှ ကျူံမငေးရဲစခန်းသို့ ယာယီစခန်းမှူး အဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင် နေသည်မှာ ၁၇ ရက်သာ ရှိသေးကြောင်း၊ အရက်သေစာ သောက်စား ခြင်းမရှိကြောင်း ၊ အခင်းဖြစ်သည့် နေ့က ရဲတပ်ဖွဲ့ဝင်များ နှင့် တရားခံ တစ်ဦးအား သွားရောက်ဖမ်းဆီးရန် နေထိုင်တွင် ယူနီဖေါင်း ပြန်ဝတ်စဉ်အချိန်မှာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ အခြား စိတ်ဖိစီးမှု ကြောင့် ဖြစ်သည် မဖြစ်သည်ကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားသည်
ယင်းဖြစ်နှင့် ပတ်သက်၍ ကျုံမငေးနယ်မြေ ရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်လျှက်ရှိကြောင်း သေဆုံးမှူနှင့်ပက်သက်ပြီးဆရာဝန် ဆေးစာမရရှိသေးသောကြောင့် ၎င်းသေဆုံးမူ့နဲ့ပက်သက်ပြီး တိတိကျကျပြောလို့မရသေးကြောင်းဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။
သတင်း -ရွှေရည်ဝင်း၊ပိုတို -ကိုကျော်နိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment